နယူးယောက်မြို့က အိမ်ကိုပြန်ရောက်တုန်း သားလေးကို ကိုယ်တိုင်ဆံပင်ညှပ်ပေးနေတဲ့ နိုင်နိုင်း

Posted on

နိုင်နိုင်းကတော့ ယောကျ်ားပီသတဲ့ခန္ဓာကိုယ်နဲ့ မိန်းကလေးတိုင်းစွဲမက်ဖွယ် တည်ကြည်ခန့်ညားတဲ့မျက်နှာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ လက်ရှိအချိန်မှာတော့ ချစ်ဇနီးလေးအပြင် သားသမီးလေးယောက်တို့နဲ့ အတူ ဖခင်ကောင်းတစ်ယောက်အဖြစ် ပျော်ရွှင်အေးချမ်းတဲ့ဘဝကို တည်ဆောက်ထားသူလည်း ဖြစ်ပါတယ်။

ဇနီးသည်နဲ့ ကလေးတွေကတော့ အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့မှာ အခြေချနေထိုင်လျက်ရှိပြီး နိုင်နိုင်းကတော့ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေလုပ်ရင်း အားလပ်ချိန်တိုင်း မိသားစုဆီကို ပြန်လေ့ရှိသူပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ ချစ်ရတဲ့မိသားစုလေးရှိရာ နယူးယောက်မြို့ကို ပြန်ခဲ့ပြီး ကလေးတွေကို စပရိုက်လုပ်ခဲ့ကာ မိသားစုပျော်စရာအချိန်လေးဖန်တီးထားတဲ့ ဗွီဒီယိုလေးကိုတော့ ပရိသတ်တွေလည်း သဘောကျခဲ့ကြမှာပါနော်။

ဒီနေ့မှာတော့ ချစ်ရတဲ့သားလေးကို ကိုယ်တိုင်ဆံပင်ညှပ်ပေးနေတဲ့ ပုံရိပ်တချို့နဲ့အတူ ” ဆံသဆရာလည်း ဖြစ်တယ်နော်….အိမ်အရောက်လိုက်ညှပ်ပေးသည်” ဆိုတဲ့စာသားလေးရေးသားကာ မျှဝေခဲ့ပါတယ်။ နိုင်နိုင်းတို့ မိသားစုပုံလေးကို ကြည့်ပြီး တကယ်ကို အချစ်တွေလွှမ်းခြုံထားတဲ့မိသားစုလေးလို့ ခံစားမိစေမှာ အမှန်ပါပဲ ပရိသတ်ကြီးရေ… ကလေးတွေနဲ့ပျော်စရာအချိန်တွေ ဖန်တီးနေတဲ့ နိုင်နိုင်းရဲ့ ပုံရိပ်တချို့ကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Actor 99
Rainbow- Cele Gabar