ဗန်းမော်ဆရာတော်ဘုရားကြီးကို ကိုယ်တိုင်စိုက်ပျိုးထားတဲ့ခြံထွက်အသီးအနှံတွေနဲ့ ဆွမ်းကပ်ခဲ့ရတာကြောင့် ဝမ်းသာပီတိဖြစ်နေတဲ့ပိုပို

အောင်မြင်မှုတွေရနေသလို အားကျအတုယူစရာကောင်းတဲ့ ဘဝနေထိုင်မှုပုံစံရှိတဲ့သူတွေထဲမှာတော့ ပိုပိုတစ်ယောက်လည်း အပါအဝင်ပါ။ ပိုပိုကတော့ ကိုယ်ပိုင်အစွမ်းအစနဲ့နာမည်ကြီးအဆိုတော်တစ်လက်ဖြစ်လာအောင်ကြိုးစားခဲ့တဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့အသိအမှတ်ပြုချီးမွမ်းမှုတွေကိုရရှိထားတာပါ။ ဒါ့အပြင် ဘာသာရေးလိုက်စားတဲ့သူတစ်ယောက်ဖြစ်တာကြောင့်လည်း လေးစားစရာကောင်းလှပါတယ်။


ပိုပိုကတော့ အိမ်မှာကိုယ်တိုင်အပင်တွေစိုက်ပျိုးနေသလို ခြံထွက်တွေကိုကိုယ်တိုင်ချက်ပြုတ်စားသောက်တာပါ။ အခုလည်း ခြံထွက်အသီးအနှံတွေနဲ့ ဗန်းမော်ဆရာတော်ဘုရားကြီးကို ဆွမ်းကပ်ခွင့်ရခဲ့တာကြောင့် ကုသိုလ်တွေရနေခဲ့ပါပြီ။ ကြည်နူးစရာအလှူလေးဖြစ်ခဲ့တာကို “ယနေ့ ပီတိအဖြစ်ဆုံးကုသိုလ် လေးမျှဝေချင်ပါတယ်…ဗန်းမော်ဆရာတော်ဘုရားကြီးကို အိမ်မှာ ကိုယ်တိုင်စိုက်ထားပြီး ကိုယ်တိုင် ကြော်ထားတဲ့ Organic ပဲသီး ကြော် ကြက်ဟင်းခါးသီးကြော် ငါးဖယ်ဟင်း မုန်လာဥနဲ့ ရုံပတီသီး အချဉ်ဟင်း လှူခဲ့ပါတယ် …ကိုယ် ကြော်တဲ့ ပဲသီးကြော်လေး ဘုန်းပေးနေတာမြင်တော့ ပီတိဖြစ်တယ်” ဆိုပြီးတော့ ရေးသားထားတာပါ။


ပိုပိုကတော့ ဆရာတော်ဘုရားကြီးကိုဆွမ်းကပ်ခဲ့သလို နေအိမ်ကဘုရားစင်မှာလည်း အိမ်မှာပွင့်တဲ့ပန်းတွေလှူထားပါသေးတယ်။ ပိုပိုကတော့ သီချင်းအသစ်အသစ်တွေဖန်တီးနေသလို ကိုယ်ပိုင်စတူဒီယိုလေးလည်း ရှိပါသေးတယ်။ အခုလည်း အလှူအတန်းမှာသဒ္ဓါတရားထက်ထက်သန်သန်နဲ့မပျက်မကွက်လှူဒါန်းလေ့ရှိတဲ့သူတစ်ယောက်ပါပဲနော်…
Source : ပိုပို

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x