ပိုသူလှူ လိုသူကူ အစီအစဉ်အတွက် ငွေကျပ် (၅) သိန်းတိတိလှူဒါန်းခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်

Posted on

အကယ်ဒမီဆုတွေအများကြီး ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် ဆယ်လီ စုံတွဲဖြစ်တဲ့ ပြေတီဦးနဲ့  အိန္ဒြာကျော် ဇင်တို့ကတော့ ချစ်စရာကောင်းတဲ့ သားသား မီးမီးတို့နဲ့အတူ ဘဝကို သာယာအေးချမ်းစွာဖြတ်သန်းနေကြတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ် ။ စိတ်တူကိုယ်တူ ဝါသနာတူတဲ့ သူတို့နှစ်ယောက်ကတော့ အလှူအတန်းဆိုရင်လည်း စိတ်တူကိုယ်တူ လက်မနှေးဘဲ လှူဒါန်းတတ်ကြတဲ့ သူတွေဆိုလည်း မမှားပါဘူး ။

လတ်တလောမှာတော့ ပိုသူကူ လိုသူလှူ အစီအစဉ်အတွက် ငွေကျပ် ငါးသိန်း တိတိ လှူဒါန်းခဲ့ပါတယ် ။ ပိုနေလို့လှူတာမဟုတ်ပေမယ့် တကယ်လိုအပ်တဲ့ သူတွေအတွက် လှူဒါန်းပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း သူတို့ရဲ့ အလှူလေးအတွက် သာဓုတွေခေါ်ဆိုခဲ့ကြပါတယ် ။ သရုပ်ဆောင် ပြေတီဦးလည်း အခုလို အလှူမှမဟုတ်ဘဲ ရှုတင်ပြီးတိုင်း စက်အဖွဲ့သားတွေအတွက် လှူဒါန်းတဲ့အနေနဲ့ ပိုက်ဆံတွေ အမြဲ ဝေပေးလေ့ရှိတယ်ဆိုတာကိုတော့ ပရိသတ်တွေအားလုံးသိပြီးဖြစ်မှာပါ ။

အခုလို ချစ်စရာကောင်းတဲ့ပြေတီဦးတို့ ဇနီးမောင်နှံရဲ့ စိတ်ဓာတ်လေးကိုတော့ ပရိသတ်တွေက လေးစားချီးကျူးလို့ မဆုံးနိုင်ဖြစ်နေကြတာပါ ။ အခုလို လှူဒါန်းရတဲ့ ကုသိုလ်ကြောင့် လှူချင်တဲ့စိတ်ဖြစ်တိုင်း လှူနိုင်တန်းနိုင်တဲ့ သူတွေဖြစ်ကြပါစေလို့ Cele Gabar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : ပိုသူကူ လိုသူလှူ
Emily (Cele Gabar )