မထင်မှတ်ထားတဲ့ဇာတ်သိမ်းနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့ပြန်တဲ့ အားတီရဲ့ Music Video

Posted on

အားတီကတော့ ဖန်တီးမှုအသစ်အဆန်းတွေနဲ့ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ Music Video တွေကိုလည်း အမိုက်စားရိုက်လေ့ရှိသူမို့ ပရိသတ်တွေကြိုက်ကြတာ ဖြစ်ပါတယ်။ အခုလည်း “အိမ်မက်လေး” သီချင်းရဲ့ Music Video ထွက်ရှိလာခဲ့ပြန်ပါပြီ။


ဒီသီချင်းကတော့ “Silent” သီချင်း ရဲ့အဆက်ဖြစ်ပြီး ပရိသတ်တွေအရမ်းကိုစိတ်ဝင်စားနေကြတဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကြားဖူးနေတဲ့ သီချင်းလေးကို အကောင်းဆုံးပြန်လည်ပုံဖော်ဖန်တီးလိုက်တဲ့အခါမှာတော့ ပရိသတ်တွေအကြိုက်တွေ့ခဲ့ပြီး (၂၄) နာရီမပြည့်ခင်မှာတင် ကြည့်ရှုနှုန်းက (၆) သိန်းကျော်နေခဲ့ပါပြီ။ သီချင်းလေးကတော့ ပရိသတ်တွေမျှော်လင့်ထားတဲ့ ဇာတ်သိမ်းမျိုးတော့ မဟုတ်ခဲ့ပါဘူး။

ဒီသီချင်းလေးကတော့ မျှော်လင့်နေတဲ့ပရိသတ်ကြီးကို အကောင်းဆုံးဖန်တီးပေးနိုင်ခဲ့တယ်လို့လည်း ဆိုရမှာပါ။ ပရိသတ်တွေအားပေးကြမ်းနေတဲ့ MV လေးကို ပရိသတ်ကြီးကိုပြန်လည်မျှဝေလိုက်ပါတယ်။ နားဆင်ကြည့်လိုက်ပါဦးနော်…
Source : Ar-T