ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၂၃)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချော သက်မွန်မြင့်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဒီနှစ်ရဲ့ မွေးနေ့ရက်လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး သက်မွန်မြင့်က အသက် (၃၈)နှစ်ပြည့်မြောက်သွားတဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။
သက်မွန်မြင့်ရဲ့မွေးနေ့ရက်မြတ်လေးအတွက်ကိုတော့ လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေနဲ့ သက်မွန်မြင့်ကိုချစ်ကြတဲ့ ပရိသတ်တွေက မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးထားကြပါသေးတယ်။ ဒီနေ့မှာကျရောက်တဲ့ မွေးနေ့ရက်လေးကနေစပြီး ချစ်သက်လည်း အနုပညာလောကမှာ ဒီထက်မကပိုမိုအောင်မြင်တဲ့ သူတစ်ယောက်အဖြစ်ရပ်တည်နိုင်ပြီး သားသားမီမီးလေးတွေနဲ့လည်း သက်ဆုံးတိုင် ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ရရှိပါစေလို့ CeleGabar ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
CeleGabar ပရိသတ်ကြီးတွေထဲက ချစ်သက်ရဲ့ ပရိသတ်တွေအတွက်ကလည်း ချစ်သက်ရဲ့ ဒီနေ့မှာကျရောက်တဲ့ အသက် (၃၈)နှစ်ပြည့် မွးနေ့ရက်မြတ်လေးအတွက်ကို မွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦး ပရိသတ်ကြီးတို့ရေ။
Chilli – CeleGabar
Photo Credit – Thet Mon Myint