တိုင်းရင်းသားဝတ်စုံလေးတွေကို နှစ်သက်တဲ့အကြောင်း ပြောပြလာတဲ့ ဒီဇိုင်နာမျိုးမင်းစိုး

Posted on

မြန်မာနိုင်ငံရဲ့နာမည်ကြီးဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ မျိုးမင်းစိုးကိုတော့ ပရိသတ်တွေသိကြမှာပါ။ ပြောင်မြောက်တဲ့ဖက်ရှင်လက်ရာတွေကြောင့် လူအများရဲ့နှစ်ခြိုက်အားပေးမှုကိုရရှိထားသူလည်း ဖြစ်ပါတယ်။ အောင်မြင်မှုတွေရရှိထားသလို ပရဟိတစိတ်ဓာတ်ကြီးမားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အလှူရေစက်လက်နဲ့ မကွာလှူဒါန်းနေတဲ့သူလို့ ဆိုရမှာပါ။


မျိုးမင်းစိုးကတော့ တိုင်းရင်းသားဝတ်စုံလေးတွေဖန်တီးရတာနှစ်သက်ပြီး ကိုယ်တိုင်လည်း အမြတ်တနိုးဝတ်ဆင်သူတစ်ယောက်ပါ။ အခုလည်း “ကျန်တော်ချစ်သောတိုင်းရင်းသားဝတ်စုံလေးများ …. ရောက်တဲ့ဒေသရောက်တဲ့မြို့မှာအထင်ကရရှူခင်းများရယ်လူမျိုးတို့ရဲ့တန်ဖိုးထားဝတ်ဆင်ကြတဲ့တိုင်ရင်းသားရိုးရာဝတ်စုံလေးတွေကိုအနီးစပ်ဆုံးဝတ်ပြီးဓာတ်ပုံရိုက်ရတာဟာကျန်တော့်ရဲ့ကြီးမားတဲ့ဝါသနာအရင်းခံပါခင်ဗျာ။ ဘယ်တိုင်းရင်းသားဝတ်စုံလေးနဲ့ကျွန်တော်နဲ့ကအလိုက်ဖက်ဆုံးဖြစ်မလည်းလို့…” ဆိုပြီးတော့ မျှဝေထားပါသေးတယ်။


ဒီဇိုင်နာတစ်ယောက်လည်း ဖြစ်တာကြောင့် အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်စတိုင်ကျကျဝတ်စားတတ်တာတော့ သတိပြုမိစရာပါ။ တိုင်းရင်းသားဝတ်စုံတွေနဲ့လည်း စတိုင်ကျနေတဲ့မျိုးမင်းစိုးရဲ့ပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေလိုက်ပါတယ်နော်…


Source : MyoMinSoe