Casting နှစ်ရက်နဲ့တင် နှလုံးရောဂါရတော့မယ်ဆိုတဲ့ ခေးဆက်သွင်

Posted on

ပရိသတ်တွေချစ်ရတဲ့ MRTV-4 မင်းသမီးချောလေး ခေးဆက်သွင်ကိုတော့ မသိတဲ့သူမရှိလောက်ပါဘူး။ သရုပ်ဆောင်ပိုင်နိုင်တဲ့ခေးဆက်သွင်ကတော့ “နှင်းဆီ” ဇာတ်ရုပ်နဲ့လည်း အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ ဟန်ဆောင်မှုမရှိဘဲလွတ်လပ်ပွင့်လင်းတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် ဟာသတွေလည်း လုပ်တတ်သူမို့ပရိသတ်တွေချစ်နေရတာလည်း ဖြစ်ပါတယ်။


ခေးဆက်သွင်ကတော့ အနုပညာခြေလှမ်းအသစ်အသစ်တွေလှမ်းနိုင်ဖို့ တစ်နေ့တစ်ခြားကြိုးစားနေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း Casting ရွေးပွဲအတွက် အပြင်းအထန်ကို ကြိုးစားနေတာဖြစ်ပါတယ်။ စိတ်အာရုံနှစ်ပြီး ကြိုးစားနေတဲ့ခေးဆက်သွင်ကတော့ သူ့ရဲ့ My Story မှာ “Castingနှစ်ရက်နဲ့တင် နှလုံးရောဂါရတော့မယ် ခုထိမကုန်သေးဘူး” ဆိုပြီး သူ့ခံစားချက်ကိုရေးသားထားပါတယ်။


ခေးဆက်သွင်ကိုချစ်တဲ့ပရိသတ်တွေကတော့ အနုပညာဖန်တီးမှုအသစ်တွေကို မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။ သူကလည်း Casting အတွက် အကောင်းဆုံးကြိုးစားဖန်တီးနေတာပဲ ဖြစ်ပါတယ်။ ဇာတ်ကားအသစ်အတွက်မျှော်လင့်နေပါပြီနော်…
Source : KhaySettThwin