မွေးနေ့လေးမှာ တောင်ဒဂုံမြို့နယ်က ကျောက်စိမ်းဘုရားကိုသွားရောက်ဖူးမျှော်ခဲ့တဲ့ အကယ်ဒမီသက်မွန်မြင့်

Posted on

Cele gabar ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၂၃) ရက်နေ့ကတော့ ပရိသတ်အချစ်တော် အကယ်ဒမီ မင်းသမီးချောလေး သက်မွန်မြင့်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ချစ်သက်ကို (၁၉၈၂) ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့က ချင်းပြည်နယ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဒီနေ့ကတော့ ခချစ်သက်ရဲ့ (၃၈) နှစ်ပြည့်တဲ့မွေးနေ့ ရက်မြတ်လေးပဲဖြစ်ပါတယ် ။

သူမရဲ့ (၃၈) နှစ်ပြည့်မွေးနေ့အတွက် ဒီနှစ်မှာတော့ ထူးထူးခြားခြား အနေနဲ့ တောင်ဒဂုံ မြို့နယ်မှာရှိတဲ့ ကျောက်စိမ်းဘုရားကို သွားရောက်ဖူးမျှော်ခဲ့ပါတယ် ။ ချစ်သက်ရဲ့ မွေးနေ့အတွက် ပရိသတ်တွေ က မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပြီး ဂုဏ်ပြုခဲ့ကြသလို ဒီနေ့ မနက်မှာတော့ ချစ်ရတဲ့ခင်ပွန်းသည်ကလည်း ချစ်သက်နဲ့အတူ ပါရမီလိုက်ဖြည့်ပေးခဲ့တာဖြစ်ပါတယ် ။ ဘာမှ ထူးထူးခြားခြား ပြင်ဆင်မခြယ်သ ထားဘဲ ရိုးရိုးလေးနဲ့လှနေတဲ့ မွေးနေ့ရှင်လေးချစ်သက်ရဲ့ ပုံလေးကို ပရိသတ်တွေ အရမ်းကိုချစ်နေကြတာပါနော် …။

ဒီနေ့မှာ ကျရောက်တဲ့ချစ်သက်ရဲ့ မွေးနေ့ရက်မြတ်လေးကစပြီး နောင်နှစ်ပေါင်းများစွာထိ ချစ်တဲ့ မိသားစုနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရင်း အနုပညာလောကမှာလည်း ဒီထက်မက အောင်မြင်ပါစေလို့ Cele Gabar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။ ချစ်သက်ရဲ့ Cele Gabar ပရိသတ်ကြီးအတွက်လည်း သူမရဲ့ မွေးနေ့အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Cele Gabar
Emily (Cele Gabar)