ဖခင်ဖြစ်သူစောဘွဲ့မှုးကို လွမ်းဆွတ်တမ်းတနေတဲ့ မီးမီးခဲ

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် မီးမီးခဲကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖခင်ဖြစ်သူကို သတိရလွမ်းဆွတ်တမ်းတနေတဲ့ အကြောင်း ဖော်ပြလာခဲ့ပါတယ်။ မီးမီးခဲရဲ့ ဖခင်ဖြစ်သူ တေးရေးတေးဆို စောဘွဲမှုးကတော့ မြန်မာနိုင်ငံဂီတလောကရဲ့ ဂီတဖခင်ကြီးလို့တောင် ပရိသတ်တွေရဲ့ တင်စားခေါ်ဝေါ်ခံရတဲ့ သူတစ်ယောက်ပါ။

ဒီနေ့ ဇူလိုင် လ (၂၄)ရက်နေ့လေးမှာတော့ စောဘွဲ့မှုးကွယ်လွန်သွားတာ (၂၄)နှစ်ပြည့်မြောက်သွားခဲ့ပါပြီ။ မီးမီးခဲကတော့ ဖခင်ဖြစ်သူ ကွယ်လွန်တာ(၂၄)နှစ်ပြည့်တဲ့ ဒီနေ့လေးမှာ “သူ ထားခဲ့တာ ဇူလိုင် (၂၄) မှာ(၂၄) နှစ် ပြည့်ခဲ့ ပြီလေ။ ခုထိ တရက်မှ မမေ့သလို အမြဲ လွမ်းနေတုန်းပါပဲ အပါးရယ်။ ဒီအချိန်ထိ သူအသက်ရှင်နေသေးရင် သူ့ရဲ့မြေး(၁၂) ယောက်နဲ့အတူ ဘယ်လောက်ပျော်နေမှာလဲ။ တွေးကြည့်ရင်း စိတ်ကြေကွဲရတယ်။

သမီး လေးနာမည်ကို Narnia Bwe Mu Paw လို့ပေးထားတယ်။ သတိရခြင်း အမှတ်တရပေါ့လေ။ ထာဝရ ငြိမ်သက်ခြင်း နဲ့ အဖ ရင်ခွင်တော်မှာ အိပ်စက်သွားတဲ့အဖေ တနေ့ပြန်ဆုံမယ် လေနော်။ လွမ်းတယ် ပါးပါ” လို့ ဖခင်ဖြစ်သူကိုလွမ်းဆွတ်တမ်းတနေခဲ့ကြောင်း ဖော်ပြထားခဲ့တာပါ။ CeleGabar ပရိသတ်ကြီးရေ ဒီနေ့မှာ ဂီတလောကရဲ့ ကြယ်ပွင့်ကြီးတစ်ပွင့်ဖြစ်တဲ့ စောဘွဲ့မှုး ကွယ်လွန်တာ (၂၄)နှစ်တောင် ပြည့်သွားခဲ့ပါပြီ။

Chilli – CeleGabar
Source – Mee Mee Khel-မီးမီးခဲ