ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီး အလှူလေးပြုလုပ်ခဲ့တဲ့ ဝါဝါဝင်းရွှေ

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ မနေ့က ဇူလိုင်လ (၂၃)ရက်နေ့မှာ အလှူလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီး ပြုလုပ်ခဲ့တဲ့ အလှူလေးပဲဖြစ်ပါတယ်။ ဝါဝါဝင်းရွှေရဲ့ ခင်ပွန်းကတော့ ကွယ်လွန်သွားတာ မနေ့က တစ်နှစ်ပြည့်မြောက်သွားခဲ့တာပါ။

ဝါဝါဝင်းရွှေကတော့ “ခွဲခွာသွားရက်သူကြီးရေ ကျန်ခဲ့သူရဲ့လွမ်းရက်တွေကတော့ တနစ် တင်းတင်းပြည့်ခဲ့ပြီပေါ့။ ချစ်ဇနီး အပေါ်မှာတာဝန်ကျေခဲ့သူ အတူနေစဉ်အတွင်းဘဝတလျှောက် စိတ်ချမ်းသာမှုအပြည့်ပေးခဲ့သူ ကျောင်းကြီးဆောက်တော့ငွေမလောက်လို့ ချစ်မာဝတ်ထားတဲ့တလုံးထဲလက်စွပ်ကို ရောင်းလိုက်မယ်နော်။ လှူလှူ နောက်ပိုက်ဆံရတော့ အသစ်ပြန်လုပ်ပေါ့။ ဘယ်တော့မှအလှူပေါင်းများစွာကိုမဟန့်တားခဲ့သူ ဒယ်ဒီရေ ဘယ်သူ ကိုဘယ်လောက်ပေးချင်တယ် ပေးပေး ချစ်မာစိတ်ချမ်းသာရင်ပေး ဘယ်တော့မှမကန့်ကွက်ခဲ့သူ။

ကျွန်မက စိတ်ထက် စိတ်ကြီးတတ် သူ။ သူကတော့ကိုလူအေး ကျွန်မက လောဘ ဒေါ သ တွေအလုပ်နဲ့ပတ်သက်များနေရင် သူက စိတ်ပြေအောင့် ဖြောင့်ဖြတတ်သူ။ ဒါကြောင့် မိသားစုတွေရော မိတ်ဆွေတွေကပါ။ကျွန်မထက် သူ့ ကိုပိုချစ်ကြတာခံရသူ ကြာလေ လွမ်းလေ ပါဘဲ ဒယ်ဒီရေ။ ဒီနေ့ ဒယ်ဒီအတွက်လှူဒါန်းမှုတွေကျန်းမာရေးမကောင်းသူတွေကို အဟာရဒါန လှူနေပါတယ်။ တစ်နှစ်ပါတ်လုံး လှူဒါန်းမုတွေကိုဒယ်ဒီရှိခံစား သာဓုခေါ်ပါနော်။

ဒယ်ဒီနဲ့တကွ သုံးဆယ်တစ်ဘုံကျင်လည်ကုန်ကြသူအပေါင်းကိုလည်း အမျှ အမျှ အမျှ ပေးဝေလိုက်ပါ။” လို့ အရင်ကအမှတ်တရတွေနဲ့ ခင်ပွန်းဖြစ်သူ (၁)နှစ်ပြည့်အတွက် အလှူလေးပြုလုပ်ဖြစ်တဲ့တာကို မျှဝေဖော်ပြထားခဲ့တာပါ။ CeleGabar ပရိသတ်ကြီးရေ ဝါဝ်ဝင်းရွှေပြုလုပ်တဲ့ အလှူလေးအတွက် ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦး။

Chilli – CeleGabar
Source – Wah Wah Win Shwe