ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် တန်ခွန်ကျော်ရဲ့ သီချင်းလေးကတော့ မနေ့က ဇူလိုင်လ (၂၃)ရက်နေ့မှာ ထွက်ရှိလာခဲ့ပါတယ်။ တန်ခွန်ကျော်ကတော့ မြန်မာအိုင်ဓေါ Season (4) ပြိုင်ပွဲကြီး ပြီးတဲ့ နောက်မှာတော့ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အနေနဲ့ ရပ်တည်နိုင်အောင် ကြိုးစားနေတာလည်း ပရိသတ်တွေ တွေ့မြင်တဲ့ အတိုင်ပါပဲ။
မနေ့က ထွက်ရှိလာတဲ့ သီချင်းလေးကတော့ တန်ခွန်ကျော်ရဲ့ ပထမဆုံး ကိုယ်ပိုင်သီချင်းလေးဖြစ်ပြီး သီချင်းလေးရဲ့ နာမည်ကတော့ “ခံနိုင်ရည်မရှိတော့” လို့ နာမည်ပေးထားပါတယ်။ တန်ခွန်ကျော်အတွက် ပထမဆုံးကိုယ်ပိုင်သီချင်းလေးဖြစ်ပေမဲ့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျကာ မထင်မှတ်ထားလောက်တဲ့ အထိအောင်မြင်မှုတွေရရှိနေခဲ့ပြီ ပရိသတ်တွေရဲ့ ချီးကျူးမှုကိုလည်းခံနေရပါတယ်။
အခုလို ပထမဆုံးသီချင်းလေးမှာ မထင်မှတ်ထားလောက်အောင် အောင်မြင်မှုရရှိနေတာကတော့ တန်ခွန်ကျော်အတွက်ရော သူ့ပရိသတ်တွေအတွက်ပါ ဂုဏ်ယူဖွယ်ရာပါ။ CeleGabar ပရိသတ်ကြီးတွေရော တန်ခွန်ကျော်ရဲ့ သီချင်းလေးဖြစ်တဲ့ “ခံနိုင်ရည်မရှိတော့” သီချင်းလေးကို ခံစားနားဆင်ပြီးကြပြီလား ပရိသတ်ကြီးရေ။
Chilli – CeleGabar
Source – TAN KHUN KYAW