ရခိုင်တိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့မင်းသွေးတစ်ယောက် လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ် အောက်တိုဘာလမှာ ဆုံးပါးသွားခဲ့တာကိုတော့ ပရိသတ်တွေလည်း မှတ်မှတ်ထင်ထင်ဖြစ်ခဲ့ကြမှာပါ။ အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေသူတစ်ယောက်ဖြစ်တဲ့အပြင် စိတ်ထားကောင်းသူတစ်ယောက်မို့ ပရိသတ်တွေသာမက ရုပ်ရှင်အသိုင်းအဝိုင်းက လူတွေပါ မင်းသွေရဲ့သေဆုံးမှုကို ယူကြုံးမရဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပါ။
အဲ့ဒီထဲမှာတော့ မင်းသွေးနဲ့အမြဲအနီးကပ်ရှိနေခဲ့တဲ့ သားညီကတော့ မင်းသွေးနဲ့အမှတ်တရတွေကို အခုချိန်ထိလည်း မေ့ဖျောက်လို့ မရသေးတဲ့သူတစ်ယောက်ပါ။ ဒီနေ့ကတော့ မင်းသွေးရဲ့မွေးနေ့လေးဖြစ်ပြီး သားညီကတော့ လွန်ခဲ့တဲ့ လေးနှစ်က မွေးနေ့ဆုတောင်းလေးနဲ့အတူ “Happy Birthday ပြောချင်ပေမယ့် အခုတော့ ခင်ဗျား မကြားနိုင်တော့ဘူးဦးလေးရေ” ဆိုပြီး စိတ်မကောင်းစွာ ပြန်လည်မျှဝေခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ ရုပ်ရှင်အသိုင်းအဝိုင်းမှာ အစ်ကိုရှိတာခြင်းလည်းတူတဲ့အပြင် အစ်ကိုနှစ်ယောက်စလုံးကလည်း အောင်မြင်မှုတွေသိမ်းပိုက်ထားသူတွေမို့ ရှားရှားပါးပါးတူတဲ့သူတွေလို့ ဆိုရမှာပါ။
တိုက်တိုက်ဆိုင်ဆိုင်ပေါင်းမိခဲ့ကြပြီး သူစိတ်ဓာတ်ကျနေတဲ့အချိန်တိုင်း အကြီးတစ်ယောက်လို စိတ်ခွန်အားပေးတဲ့ မင်းသွေးကတော့ သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်လာခဲ့တာပါတဲ့ ပရိသတ်ကြီးရေ.. လူမိုက်နဲ့လာပေါင်းပေမယ့် လူမိုက်မဖြစ်သွားတဲ့ ခင်ဗျားဆိုပြီး မင်းသွေးအတွက်ရေးသားခဲ့တဲ့ လွန်ခဲ့တဲ့လေးနှစ်က မွေးနေ့ဆုတောင်းလေးကတော့ ဒီနှစ်မှာ အသက်မဝင်တော့တဲ့အကြောင်း စိတ်မကောင်းစွာ မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ..
Source – Thar Nyi
Rainbow- Cele Gabar