မေမေစန္ဒီမြင့်လွင် အလှပြင်တာကို လိုက်ရှုပ်နေတဲ့ သမီးလေး ထရက်ရှာ

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်ကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သမီးလေး ထရက်ရှာရဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။ သမီးလေးထရက်ရှာကတော့ အသက်(၁)နှစ်အရွယ်သာရှိသေးပေမဲ့ (၁)နှစ်အရွယ်ကလေးလို့မထင်ရလောက်အောင်ကို တတ်လွန်တဲ့ ကလေးလေးပါ။

ထရက်ရှာလေးရဲ့ အရွယ်နဲကမလိုက်အောင် လည်လွန်းလှတာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်။ ဒီနေ့ မေမေ စန္ဒီမြင့်လွင် မျှဝေဖော်ပြလာတဲ့ ဗီဒီယိုဖိုင်လေးကလည်း သမီးလေး ထရက်ရှာကို ပရိသတ်တွေ အသည်းတယားယားဖြစ်နေစေမှာ အသေအချတာပါပဲ။ ဗီဒီယိုလေးထဲကမှာတော့ ထရက်ရှာလေးက မေမေအလှပြင်တာကို ကြည့်ပြီး မေမေ ဒီဒီးရဲ့ အလှပြင်ပစ္စည်းတွေကို လုနေခဲ့တာပဲဖြစ်ပါတယ်။

မေမေဒီဒီးကတော့ သမီးလေး ထရက်ရှာရဲ့ အမူအရာလေးတွေကိုကြည့်ပြီး သဘောကျနှစ်သက်နေတာကြောင့် ထရက်ရှာလေးကိုချစ်တဲ့ ပရိသတ်တွေအတွက် မျှဝေဖော်ပြလာခဲ့တာပါ။ CeleGabar ပရိသတ်ကြီးတွေလည်း ထရက်ရှာလေးရဲ့ ချစ်စရာကောင်းလှတဲ့ ဒီဗီဒီယိုလေးကို ကြည့်ရှုလို့ရအောင် CeleGabar ပြန်ည်မျှဝေဖော်ပြပေးလိုက်ပါတယ်။

Chilli – CeleGabar
Source – Sandy Myint Lwin