“ရွက်လှေ” သီချင်းကို အခွီရိုက်ကူးထားတဲ့ Do Pauk ရဲ့ ဗွီဒီယိုလေးကို သဘောကျနေတဲ့ G Fatt

Posted on

မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအဆိုတော်တစ်ယောက်ဖြစ်တဲ့ G fatt ကတော့ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားတဲ့သီချင်းပေါင်းများစွာကို ဖန်တီးသီဆိုခဲ့သူတစ်ယောက်ပါ။ လတ်တလောကိုဗစ်ကာလမှာလည်း မရပ်နားဘဲ သီချင်းတွေ ဆက်တိုက်ဖန်တီးနေသလို လွန်ခဲ့တဲ့ရက်ပိုင်းကလည်း အမရာဘုန်းနဲ့အတူတူ သီဆိုထားတဲ့ “ရွက်လှေ” လို့နာမည်ပေးထားတဲ့ သီချင်းအသစ်လေးကို ပရိသတ်ကို ချပြခဲ့ပါသေးတယ်။

ဒီသီချင်းလေးထဲက “ညီမလေးတို့ မင်္ဂလာပွဲ အကို့အတွက် ဖိတ်စာမချန်ပါနဲ့ ” ဆိုတဲ့စာသားလေးကိုတော့ ပရိသတ်တွေ တော်တော်လေးသဘောကျခဲ့တယ်လို့ ဆိုရမှာပါ။ ဒီသီချင်းအသစ်လေးကို အားပေးဝန်းရံသူပရိသတ်များစွာရှိခဲ့သလို လူမှုကွန်ရက်မှာ ဟာသဗွီဒီယိုလေးတွေ ဖန်တီးပြီး ပရိသတ်အားပေးမှုရနေသူ Do Pauk ကလည်း အခွီဗွီဒီယိုလေး ပြန်လည်ရိုက်ကူးခဲ့ပါတယ်။

G Fatt ကတော့ Do Pauk ရဲ့အခွီဗွီဒီယိုလေးကို သဘောကျကာ “စားပြီ” ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်မျှဝေခဲ့ပါတယ်။ ခံစားချက်အပြည့်နဲ့သီဆိုထားတဲ့ G Fatt ရဲ့ “ရွက်လှေ” သီချင်းကို Do Pauk တစ်ယောက် အခွီလုပ်ပြီး ရိုက်ကူးထားတာကတော့ ပရိသတ်ကို ရယ်ရမလို ငိုရမလို ဖြစ်စေမှာ အမှန်ပါပဲ။ G Fatt ကိုယ်တိုင်သဘောကျပြီး ပြန်လည်မျှဝေထားတဲ့ Do Pauk ရဲ့ “ရွက်လှေ” အခွီဗားရှင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – G Fatt, Do Pauk
Rainbow- Cele Gabar