အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာသလို လတ်တလော ပရိသတ်ရဲ့အချစ်တွေအများကြီးကို ပိုင်ဆိုင်လာသူလေးကတော့ ဖြူဖြူထွေးပါ။ သူကတော့ တစ်ရက်မှ မနားရအောင် ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရသလို သူ့ရဲ့ကြော်ငြာလေးတွေမှာလည်း အခက်အခဲဖြစ်နေတဲ့အနုပညာရှင်အချို့ကိုပါ ထည့်သုံးပြီး တစ်ဖက်တစ်လမ်းက ကူညီနေသူပါ။
ဒီနေ့ မှာတော့ ပရိသတ်ရဲ့အချစ်တော်ဟဲဗီးဖြိုးနဲ့အတူ ရိုက်နေကျပုံစံမဟုတ်တဲ့ ရှေးခေတ်စတိုင် အဝတ်အစားတွေနဲ့ ရိုက်ကူးထားတဲ့ကြော်ငြာလေးကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ… ဟဲဗီးဖြိုးကိုတော့ ကလေးသရုပ်ဆောင်ဘဝကတည်းက ရသစုံပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်အဖြစ် ပရိသတ်တွေ အချစ်ပိုခဲ့ကြမှာပါနော်။ ပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့် ဟဲဗီးဖြိုးနဲ့အတူ ကြော်ငြာလေးတွေရိုက်ကူးလာခဲ့တာ ဒီကြော်ငြာလေးက ဒုတိယမြောက်ကြော်ငြာလေးလို့ ဆိုရမှာပါ။
ကြော်ငြာတွေအတွက် ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးလေ့ရှိတဲ့အပြင် ပရိသတ်တွေရဲ့ ဘဝအမောတွေပြေရအောင် ရယ်မောစရာလေးတွေအမြဲထည့်ပေးတတ်တဲ့ ဖြူဖြူထွေးရဲ့ ဒီကြော်ငြာလေးကိုလည်း ပရိသတ်တွေ သဘောကျဦးမှာ အမှန်ပါ။ ရှေးခေတ်အဝတ်အစားတွေနဲ့ ပရိသတ်အမြင်တမျိုးဆန်းအောင် ရိုက်ကူးထားတဲ့ ဖြူဖြူထွေးရဲ့ကြော်ငြာအသစ်လေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source – Phyu Phyu Htwe
Rainbow- Cele Gabar