မဒီလေးရဲ့ (၆) နှစ်ပြည့်မွေးနေ့အတွက် သိန်း(၂၀၀) တိတိလှူဒါန်းပေးခဲ့တဲ့ နန္ဒာလှိုင်

ပရိသတ်ရဲ့အချစ်တော်မင်းသမီးချော နန္ဒာလှိုင်ကတော့ လက်ရှိအချိန်မှာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ဘဲ မိသားစုကိုပဲ အချိန်ပေးပြီး ပျော်ရွှင်တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားသူတစ်ယောက်ပါ။ လိုလေသေးမရှိ ဖြည့်ဆည်းပေးတတ်တဲ့ခင်ပွန်းကောင်း၊ချစ်စရာ သမီးလေးသုံးယောက်တို့နဲ့အတူ ဘဝကို အေးချမ်းပျော်ရွှင်စွာ လျှောက်လှမ်းနေသူလည်း ဖြစ်ပါတယ်။

မနေ့က ဇူလိုင်လ(၂၄) ရက်နေ့လေးကတော့ အငယ်ဆုံးသမီးလေး ဇေမဒီလှိုင်ရဲ့ အသက်(၆) နှစ်ပြည့်မွေးနေ့လေး ဖြစ်ပါတယ်။ မဒီလေးကတော့ သမီးသုံးယောက်ထဲမှာ မေမေ့သွေးအပြည့်ပါတဲ့သမီးလေးဖြစ်ပြီး ငယ်ငယ်ကတည်းက အနုပညာပိုးအပြည့်ပါသူတစ်ယောက်ပါ။ မကြာခဏဆိုသလို မဒီလေးရဲ့ ချစ်စဖွယ် Tik Tok တွေနဲ့ ဗွီဒီယိုတွေကို ပရိသတ်ကြီးလည်း တွေ့မြင်ကြမှာပါ။

မနေ့က မဒီလေးရဲ့မွေးနေ့မှာတော့ ကျေးဇူးတော်ရှင် ကျိုက်ထီးဆောင်းဆရာတော်ဘုရားကြီးအား ဦးထိပ်ထားပြီးတော့ ဒုတိယကျိုက်ထီးဆောင်းဆရာတော်ကြီးထံမှာ အလှူငွေကျပ်သိန်း(၂၀၀) ကျပ်လှူဒါန်းပေးခဲ့တဲ့အပြင် ဂျိုးဌက်များကိုလည်း ဘေးမဲ့လွှတ်ပေးခဲ့ကြောင်း မွေးနေ့အလှူလေးကို မျှဝေခဲ့ပါတယ်။ မဒီ့ကို ချစ်တဲ့ပရိသတ်ကြီးလည်း မဒီလေးရဲ့ မွေးနေ့အလှူကို ထပ်တူသာဓုခေါ်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Nandar Hlaing
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x