ပရိသတ်ရဲ့အချစ်တော်မင်းသားချောတစ်လက်ဖြစ်တဲ့ စည်ဖြိုးရဲ့မိခင်ဖြစ်သူ ဒေါ်သီသီဝင်းကိုတော့ ပရိသတ်ကြီးလည်း သိနေလောက်ပြီထင်ပါတယ်နော်။ ဒေါ်သီသီဝင်းကတော့ မေတ္တာဓာတ်ကြီးမားသူတစ်ယောက်ဖြစ်သလို နေ့စဉ်နေ့တိုင်း အလှူမလုပ်တဲ့ရက် မရှိလောက်အောင် အလှူရေစက်လက်နဲ့မကွာ လှူဒါန်းလေ့ရှိသူပါ။
လစဉ်လတိုင်း ဘာသာ၊သာသနာ အဓွန့်ရှည်တည်တံ့ပြန့်ပွားရေးအတွက် အလှူကြီးအတန်းကြီး လုပ်လေ့ရှိရုံမက ကြုံရင်ကြုံသလိုလည်း လိုအပ်နေသူတွေကို ဖေးမကူညီနေသူပါ။ မနေ့ကလည်း ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီး ဦးဝင်းမောင်တင် (၉)လပြည့်အတွက် သာသနာဇောတိက နှစ်ထပ်ကျောင်းဆောင်ကြီးတောက်လုပ်လှူဒါန်းရာမှာ (၆) ကြိမ်မြောက် အလှူအဖြစ် သိန်း(၅၀၀) လှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။
မိသားစုအလှူပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့တာမို့ ပရိသတ်ကြီးလည်း ထပ်တူသာဓုခေါ်ဆိုနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ အများကောင်းကျိုးသယ်ပိုးပြီး အလှူရေစက်လက်နဲ့မကွာ အမြဲလှူဒါန်းနေတဲ့ အန်တီဒေါ်သီသီဝင်း ဒိထက်မက စီးပွားရေးတွေကောင်းမွန်ပြီး စိတ်ရှိတိုင်းလှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source – E Thi
Rainbow- Cele Gabar