မကြာခင်ထွက်လာမယ့် သီချင်းအသစ်လေးကို Live လွှင့် ဆိုပြခဲ့တဲ့ ပိုပို

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် ပိုပိုကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ပရိသတ်တွေနဲ့ Live လွှင့်ပြီး ရင်းရင်းနှီးနှီး စကားတွေပြောခဲ့ပါတယ်။ ပိုပိုကတော့ အခုလို Stay Home ကာလမှာ တတ်နိုင်သလောက်ကုသိုလ်ရေးတွေပြုလုပ် ဝါသနာပါတဲ့ သီချင်းတွေကို ဖန်တီးရေးသားပြီး ရိုးရိုးရှင်းရှင်းဖြတ်သန်းနေခဲ့ပါတယ်။

ပိုပိုကတော့ ဒီနေ့ Live လေးမှာ ပရိသတ်တွေနဲ့ အလွမ်းပြေစကားတွေပြောခဲ့ပြီး ပရိသတ်တွေတောင်းဆိုမှုနဲ့ မကြာခင်မှာ ထွက်ရှိလာမယ့် သီချင်းအသစ်လေးကို အမြည်းအနေနဲ့ ဆိုပြခဲ့တာပဲဖြစ်ပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ “အရိပ်ကလေးလို” လို့ နာမည်ပေးထားပြီး ပိုပိုရဲ့အသံနဲ့ လိုက်ဖက်လွန်းလှတဲ့ အချစ်သီချင်း ချိုချိုလေးပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ အမြည်းသီချင်းလေးကို နားဆင်ပြီး သဘောကျနှစ်သက်နေတာကြောင့် သီချင်းအပြည့်အစုံလေးကို နားဆင်ချင်နေပြီဖြစ်တဲ့ အကြောင်းလည်း မှတ်ချက်ပေးပြောဆိုနေကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ပိုပိုရဲ့ “အရိပ်ကလေးလို” သီချင်းလေးကို အမြည်းလေးနားဆင်ခံစားလို့ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ်။

Chilli – CeleGabar
Source – ပိုပို