မြိုင်နဲ့ ညိုထွေးကြားက အကြီးမားဆုံးကွာခြားချက်ကို ပြောပြလာတဲ့ မေမီကိုကို

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မေမီကိုကို ပါဝင်သရုပ်ဆောင်ထားတဲ့ “ဂျီဟောသူ” ရုပ်သံဇာတ်လမ်းတွဲကတော့ လတ်တလော MRTV – 4 ရုပ်သံလိုင်းမှာထုတ်လွှင့်ပြသနေစဲပဲဖြစ်ပါတယ်။ “ဂျီဟောသူ” ဇာတ်လမ်းတွဲကလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျပြီး စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်နေခဲ့ပါတယ်။

မေမီကိုကိုကတော့ သူ့ကို မေမီကိုကိုရယ်လို့ ပရိသတ်အားပေးလက်ခံမှုကို ရရှိခဲ့တဲ့ မြိုင်နဲ့ လတ်တလော ပြသနေတဲ့ ညိုထွေးဇာတ်ရုပ်ကြားမှာ ကွဲပြားမှုတစ်ခုကို ဒီနေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲ ဖော်ပြလာခဲ့ပါတယ်။ “မြိုင်တုန်းက မုန်းတဲ့သူ သိပ်မရှိဘူး။ ညိုထွေးကျတော့ မုန်းနေလိုက်ကြတာ ဆိုတာ ဆိုတာ ဆိုတာ” လို့ ဖော်ပြထားခဲ့တာပါ။

ပရိသတ်ကြီးတွေရော “ဂျီဟောသူ” ဇာတ်လမ်းတွဲကို ကြည့်ရှုပြီး ညိုထွေးလေးကို မုန်းနေကြလား။ CeleGabar ပရိသတ်ကြီးတွေထဲက မေမီကိုကိုရဲ့ ပရိသတ်တွေရေ မေမီကိုကိုကတော့ မြိုင်လေးကို ချစ်ပေးကြသလောက် ညိုထွေးကိုကျ မုန်းနေလို့ စိတ်မကောင်းဖြစ်နေပါတယ်တဲ့။ ပရိသတ်ကြီးတွေကတော့ ညိုထွေးလေးကိုလည်း ချစ်ကြတယ်မလား။

Chilli – CeleGabar
Source – May Mi Ko Ko