အောင်မြင်တဲ့ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ အနုပညာလောကမှာ နှစ်ပေါင်းများစွာရပ်တည်နိုင်ခဲ့သူ ဦးခင်လှိုင်ကတော့ အခုဆိုရင် ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အောင်မြင်မှုရရှိနေသူပါ။ သားလေးနေရဲနဲ့ သမီးလေး သဇင်ထူးမြင့်တို့ကလည်း ဖခင်လိုပဲ အနုပညာအလုပ်တွေလုပ်ရင်း ပရိသတ်အားပေးမှုရရှိလာပြီမို့ ပရိသတ်ချစ်တဲ့မိသားစုလေးလို့ ဆိုရမှာပါ။
ဦးခင်လှိုင်တို့ကတော့ မကြာခဏဆိုသလိုလည်း အလှူပြုလုပ်လေ့ရှိပြီး သူတို့ရဲ့အလှူကို ပရိသတ်တွေလည်း ထပ်တူသာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးလေ့ရှိသူပါ။ မနက်ဖြန်မှာလည်း မှော်ဘီမှာရှိတဲ့ သူတို့ပိုင်ဆိုင်တဲ့ခြံမှာ ဝါဆိုသင်္ကန်းကပ်အလှူပြုလုပ်သွားမှာဖြစ်ပါတယ်။ အလှူအတွက် အနီးအနားမှာရှိတဲ့ အိမ်တွေကို အုန်းနို့ခေါက်ဆွဲကျွေးမှာဖြစ်ပြီး ခင်လှိုင်ကတော့ ဒီနေ့ကိုယ်တိုင်ချက်ပြုတ်နေရင်း ပရိသတ်နဲ့ Facebook Live လွှင့်စကားပြောကာ မည်သူမဆိုလာရောက်သုံးဆောင်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပါတယ်။
မိသားစုတွေ တက်ညီလက်ညီနဲ့ အလှူအတွက် ဝိုင်းဝန်းပြင်ဆင်နေကြပြီး မနက်ဖြန်မှာ ဝါဆိုသင်္ကန်းကပ်အလှူပြုလုပ်သွားမှာပါတဲ့ ပရိသတ်ကြီးရေ…. ဦးခင်လှိုင်ကိုယ်တိုင် ဦးစီးပြီး အုန်းနို့ခေါက်ဆွဲချက်နေတာမို့ ဦးခင်လှိုင်ရဲ့ လက်ရာကို မြည်းစမ်းချင်တဲ့ပရိသတ်ကြီး သွားရောက်သုံးဆောင်နိုင်ဖို့ အလှူလေးကို မျှဝေလိုက်ပါတယ်နော်။
Source – Khin Hlaing
Rainbow- Cele Gabar