အမာခံပရိသတ်တစ်ယောက်ကို ဖုန်းအပြင်ငွေနှစ်သိန်းနဲ့ ပါ အသိမှတ်ပြုကန်တော့ခဲ့တဲ့ ဖြူဖြူထွေး

Posted on

ဖြူဖြူထွေးကတော့ ရိုးသားတဲ့ဂုဏ် စားမကုန် ဆိုတဲ့ဆောင်ပုဒ်လေးကို လက်ကိုင်ထားပြီး အောင်မြင်လာခဲ့သူတစ်ယောက်ပါ။ ပရိသတ်တွေသာမက လူတိုင်းကို ကိုယ့်မိသားစုဝင် မိတ်ဆွေအပေါင်းအသင်းလို တလေးတစားဆက်ဆံလေ့ရှိပြီး မနေ့ကတော့ အားပေးကြမ်းလွန်းတဲ့အမာခံပရိသတ်တစ်ယောက်နဲ့ တွေ့ဆုံကာ Surprise လုပ်ပေးခဲ့ပါတယ်။

ကိုဇော်လွင်ဦးဆိုတဲ့ ပရိသတ်တစ်ယောက်ကတော့ ဖြူဖြူထွေးရဲ့အနုပညာတွေကို ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး မကြည့်ရမနေနိုင်လောက်အောင် အားပေးနေသူတစ်ယောက်ပါ။ ဖြူဖြူထွေးရဲ့ ရိုးသားတဲ့ဟန်ပန်နဲ့စကားပြောပုံတို့အပြင် ကြော်ငြာဗွီဒီယိုလေးတွေကို သဘောကျနှစ်သက်သူမို့ ကိုယ်ပိုင်ဖုန်းမရှိပေမယ့်လည်း ဘကြီးဆီက ဖုန်းကိုငှားပြီး ဖြူဖြူထွေးရဲ့ ဗွီဒီယိုလေးတွေကို ကြည့်လေ့ရှိသူပါ။ ဖုန်းမပေးတော့တဲ့အချိန်မှာလည်း ဖြူဖြူထွေးရဲ့မျက်နှာလေးကို အမြဲမြင်နိုင်ဖို့ ဖြူဖြူထွေးမျက်နှာကို ရင်ဘတ်မှာတက်တူးထိုးခဲ့တဲ့အထိ အားပေးကြမ်းခဲ့သူတစ်ယောက်ပါ။

မနေ့ကတော့ ဖြူဖြူထွေးတစ်ယောက် သူ့ရဲ့အမာခံပရိသတ်စစ်စစ်ကြီးကို ကိုယ်တိုင်တွေ့ဆုံကာ Surprise လုပ်ပေးခဲ့တဲ့အပြင် ဖုန်းတစ်လုံး၊ ငွေကျပ်နှစ်သိန်း၊ ဆန်၊ ဆီ၊ စားသောက်ကုန်တွေနဲ့ အသိမှတ်ပြုကန်တော့ခဲ့ပါတယ်။ ကိုဇော်လွင်ဦးကတော့ သူ့ဘဝတစ်သက်တာလုံးမှာ အားပေးခဲ့တဲ့အနုပညာရှင်က ဖြူဖြူထွေးတစ်ယောက်သာရှိကြောင်း ပြောပြခဲ့ပြီး ကိုဇော်လွင်ဦးစကားကြောင့် ပိုပြီး ပီတိအပျော်တွေဖြစ်ခဲ့ရတဲ့ ဖြူဖြူထွေးတို့ရဲ့ အင်တာဗျူးဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Exclusive on Cele Gabar
Rainbow- Cele Gabar