ဆယ်စုနှစ်တစ်ခုကျော် အပတ်စဉ်လုပ်နေကြအလှူလေးကို မျှဝေလာတဲ့ ဒီဇိုင်နာမျိုးမင်းစိုး

ဘာသာ၊သာသနာအဓွန့်ရှည် တည်တံ့ပြန့်ပွားရေးအတွက် တတ်အားသရွေ့လှူဒါန်းမှုပြုနေတဲ့ ဒီဇိုင်နာမျိုးမင်းစိုးကတော့ နိုင်ငံတော်ကချီးမြှင့်တဲ့ သုဓမ္မမဏိဇောတဓရဘွဲ့ ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီဇိုင်နာအလုပ်ကရတဲ့ ကိုယ်ပိုင်ချွေးနှဲစာပိုက်ဆံတွေကို လိုအပ်နေတဲ့နေရာတိုင်းကို လှူဒါန်းနေတဲ့အပြင် သူ့ရဲ့အလှူလေးတွေကိုလည်း လူမှုကွန်ရက်မှာ မျှဝေလေ့ရှိသူပါ။

ဒီနေ့မှာလည်း သူနှစ်ပေါင်းများစွာ မပျက်မကွက်လုပ်လာခဲ့တဲ့အလှူလေးကို ပရိသတ်တွေလည်း ထပ်တူသာဓုခေါ်ဆိုနိုင်ဖို့ မျှဝေခဲ့ပါတယ်။ ဆွမ်းဆန်စိမ်းရပ်တဲ့ သီလရှင်ဆရာလေးတွေအတွက် ဝတ္ထုငွေနဲ့ လှူဖွယ်ပစ္စည်းလှူဒါန်းမှုတွေကို အပတ်စဉ်လုပ်လာတာ အခုဆိုရင် ဆယ်စုနှစ်တစ်ခုကျော်လာခဲ့ပြီဖြစ်ပြီး ဒီနေ့မှာလည်း ဆရာလေးတစ်ပါးစီတိုင်းအတွက် ဝတ္ထုငွေငါးရာအပြင် ဆန်၊ရေသန့် နဲ့ စူပါဝင်းမုန့်တို့ကို လှူဒါန်းပေးခဲ့ကြောင်း သူ့ရဲ့အလှူလေးကို ဖော်ပြခဲ့ပါတယ်။

ကြည်နူးသဒ္ဓါအပြည့်နဲ့ ဆရာလေးတွေကို လှူဒါန်းပေးနေတဲ့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ အလှူပုံရိပ်လေးတွေကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ဘာသာ၊သာသနာရေးအတွက် အမြဲအားသွန်ခွန်စိုက်လှူဒါန်းလေ့ရှိတဲ့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ ကာလကြာရှည်လှူဒါန်းလာခဲ့တဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး။


Source – Myo Minn Soe
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x