ကြည့်ရှုမိသူတိုင်း သင်ခန်းစာတစ်ခုရသွားစေမယ့် အောင်ရဲထိုက်ရဲ့ ပညာပေးဗီဒီယိုလေး

Posted on

ပရိသတ်အချစ်တော် မင်းသားချောလေး အောင်ရဲထိုက်ကတော့ ဒီနေ့မှာ သူ့ရဲ့ ပညာပေး ဗီဒီယို Short Films လေးတစ်ခုကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ဒီဗီဒီယိုလေးကို အောင်ရဲထိုက်က သူ့ရဲ့ပရိသတ်တွေအားလုံးကိုကြည့်စေချင်တယ်လို့လည်းရေးသားဖော်ပြထားတာတွေ့ရပါတယ် ။

ဘဝမှာ ကိုယ်ဘယ်လိုနေထိုင် နေသလဲဆိုတာ… ကိုယ့်ရဲ့ပျော်ရွှင်မူနဲ့ တိုက်ရိုက်အချိုးကျနေတတ်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ရဲ့ရှင်သန်နေထိုင်မူပုံစံကို နည်းနည်းကလေးပဲ ပြောင်းကြည့်လိုက်ပါ။ သာမန်ကိစ္စလေးတွေလောက်ကိုပဲ ဖြစ်ဖြစ်ပေါ့လေ…
အဲဒီ သာမန်ကိစ္စသေးသေးလေးတွေကနေပဲ အပြောင်းအလဲအကြီးကြီးတွေဖြစ်လာနိုင်ပါတယ် ။ပြောင်းလဲလိုက်ဖို့ မကြောက်ပါနဲ့…ကောင်းသော အပြောင်းအလဲတွေဖြစ်ဖို့ မှားခဲ့ရတာတွေလည်းရှိနိုင်ပါတယ်။ပြန်လည်နေထိုင်ကြည့်ပါ ဆိုတဲ့ မက်ဆေ့လေးကိုပေးထားတာပဲဖြစ်ပါတယ် ။

ဒီဗီဒီယိုလေးကို Lucius Wayne ကရိုက်ကူးထားတာဖြစ်ပြီး ကြည့်ရှုတဲ့ပရိသတ်တိုင်း အတွေးအမြင်အသစ်လေးနဲ့ သင်ခန်းစာအသစ်လေးတစ်ခုတော့ ရရှိသွားမယ်လို့မျှော်လင့်ပါတယ် ။ Cele Gabar ပရိသတ်ကြီးအတွက်လည်း ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

https://www.facebook.com/aungye.hterik/posts/10220375813698464

Source : Lucius Wayne
Emily (Cele Gabar)