မိုးကောင်းကင်ကို မော့ကြည့်ပါဆိုတဲ့ သီချင်းလေးမှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ခင်ပိုးပန်းချီ

ချိုသာတဲ့အသံအေးအေးလေးကြောင့် ပရိသတ်တွေအားလုံးက ချစ်ကြတဲ့တေးသံရှင်လေး ခင်ပိုးပန်းချီက တရားပွဲမှာတရားတောင်းတဲ့ အစီစဉ်တွေကနေတဆင့် လူသိများလာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ အရွယ်နဲ့မလိုက်အောင် တည်ငြိမ်အေးဆေးပြီး မြန်မာဆန်လွန်းတဲ့သူမဟာ မြန်မာယဉ်ကျေးမှုကို ထိန်းသိမ်းနေတဲ့ အသက်အငယ်ဆုံး အနုပညာရှင်လို့တောင်ဆိုရမှာပါ ။

သူမဟာ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ကို ဝင်းနိုင်စိုး (usa) သီဆိုထားတဲ့ မိုးကောင်းကင် ရိုက်ကွင်း မှာ ဒါရိုက်တာ အပ်ချည် ဒါရိုက်တာ မန်းလေးသားသူရ တို့နဲ့အတူ သရုပ်မဆောင်တတ်ပေမယ့် သူမ အစ်ကိုကြီးရဲ့ သီချင်းလေးမို့လို့ ဂရုတစိုက်နဲ့သရုပ်ဆောင်ပေးခဲ့ပါတယ် အားပေးပါဦးနော်ဆိုတဲ့ စာသားလေးနဲ့အတူ ရိုက်ကွင်းအမှတ်တရ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

မကြာခင်မှာ သူမချစ်ရတဲ့ ပရိသတ်ကြီးအတွက် တေးရေး သဟာအောင် ရေးစပ်ပြီး ကို ဝင်းနိုင်စိုး (usa) သီဆိုထားတဲ့ မိုးကောင်းကင်ကို မော့ကြည့်ပါသီချင်းလေးမှာသူမရဲ့ သရုပ်ဆောင် မှုလေးတွေကို မြင်တွေ့ရှုစားကြရတော့မှာပဲဖြစ်ပါတယ် ။ ခင်ပိုးပန်းချီကိုချစ်တဲ့ Cele Gabar ပရိသတ်ကြီးရော သူမရဲ့ သရုပ်ဆောင်ပုံလေးတွေကို ကြည့်ချင်နေကြပြီလား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Khin Poe Panchi
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x