မေမေ့ရဲ့ မွေးနေ့မှာ ပိုက်ဆံပန်းစည်းကြီးလက်ဆောင်ပေးပြီး ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ လှအဉ္ဇလီတင့်

Posted on

ပရိသတ်ရဲ့အချစ်တော်မင်းသမီးချောလေး လှအဉ္ဇလီတင့်ကတော့ လက်ရှိအချိန်မှာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ဘဲ စီးပွားရေးပဲ ဦးဆောင်လုပ်ကိုင်နေသူပါ။ ရွှေအဉ္ဇလီစားသောက်ကုန်လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်ကာ ရွှေစိတ်ပျော်သုပ်နဲ့ ဝက်အူချောင်း စတဲ့ စားသောက်ကုန်တွေကို မြန်မာပြည်အနှံ့ဖြန့်ဖြူးလျက်ရှိပါတယ်။

မနေ့ကတော့ လှအဉ္ဇလီတင့်ရဲ့ မိခင်ကြီးမွေးနေ့ဖြစ်ပြီး မေမေ့မွေးနေ့အတွက် တစ်သောင်းတန်တွေနဲ့ ပြုလုပ်ထားတဲ့ ပန်းစည်းကြီး လက်ဆောင်ပေးခဲ့သလို မွေးနေ့ဆုမွန်ကောင်းတောင်းပြီး လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။ ” Happy birthday ပါ Mum… ကျန်းမာ ချမ်းသာစွာဖြင့် အသက်ရာကျော်ရှည်ပြီး တရားဘာဝနာများအားထုတ်နိုင်ပါစေ…. အလှူရေစက် လက်နဲ့မကွာလှူတန်းနိုင်ပါစေ…. ဒီဘဝမှာပဲ တရားထူး များရပါစေကြောင်း ဆုမွန် ကောင်းတောင်းလိုက်ပါတယ် ” ဆိုပြီး မေမေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

မိဘကျေးဇူးအအထူးသိတတ်ပြီး ကောင်းမှုကုသိုလ်နေ့စဉ်ပြုနေတဲ့ လှအဉ္ဇလီတင့်ကတော့ တကယ်ကို အားကျအတုယူဖွယ်ရာပါပဲ ပရိသတ်ကြီးရေ… မိသားစုတွေစုံစုံညီညီနဲ့ မေမေ့မွေးနေ့ ပြုလုပ်ပေးခဲ့တဲ့ ပုံရိပ်လေးတွေကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Hla Inzali Tint
Rainbow- Cele Gabar