ပရိသတ်တွေသဘောကျနေတဲ့ ဖြူဖြူထွေးနဲ့ မျိုးမင်းစိုးတို့ရဲ့ TikTok ဗီဒီယို

ဒီဇိုင်နာမျိုးမင်းစိုးကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီး ဒီဇိုင်နာတစ်ယောက်ဖြစ်တာကို ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ သူကတော့ ဒီဇိုင်နာအလုပ်လည်းထူးချွန်သလို အလှူအတန်းတွေမှာလည်း ရက်ရောလွန်းသူဖြစ်တာကြောင့် ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကိုရရှိထားတာပါ။ မျိုးမင်းစိုးတစ်ယောက် အခုရက်ပိုင်းမှာ ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေရတာပါ။


သူကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “မကြာခင်ရက်မန္တလေးမှာကျန်တော့်နဲ့ဖြူဖြူထွေးကိုလုပ်ငန်းရှင်တစ်ဦးကကြော်ငြာလေးတစ်ခုကမ်းလှမ်းထားလို့ရိုက်ပါမယ်နော်။ ညီမလေးဖြူဖြူထွေးကိုယ်တိုင်ဇာတ်ညွှန်းရေးဒါရိုက်တာလုပ်ပြီးရိုက်မဲ့အမိုက်စားကြော်ငြာလေးမို့…ဘာကြော်ငြာလေးဖြစ်မယ်ဆိုတာ TikTok လေးတွေအမှတ်တရပြန်လည်တင်ဆက်ရင်း” ဆိုပြီးတော့ ပြန်လည်မျှဝေထားတာပါ။


သွက်သွက်လက်လက်နဲ့ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ဖြူဖြူထွေးကတော့ လူတိုင်းရဲ့အချစ်တွေကို ရရှိထားသူပါ။ ဖြူဖြူထွေးနဲ့အတူရိုက်ကူးထားတဲ့မျိုးမင်းစိုးရဲ့ TikTok လေးတွေကြောင့် ပရိသတ်တွေကသဘောကျနေတာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးကိုပြန်လည်မျှဝေလိုက်ပါတယ်။


Source : MyoMinSoe

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x