ဧရာဝတီလင်းပိုင်ပုံလေးကို ကိုယ်တိုင်ဆွဲပြီး ပရိသတ်တွေနဲ့အတူ ပီတိတွေယူခဲ့တဲ့ ဒေါင်း

Posted on

ပရိသတ်အချစ်တော် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသားချောလေး ဒေါင်းကတော့ ဒီနေ့မှာ သူကိုယ်တိုင်ရေးဆွဲထားတဲ့ပန်းချီလေးနဲ့အတူ Facebook Profile ပုံကို တင်ခဲ့ပါတယ် ။ သူတင်ခဲ့တဲ့ ပုံလေးနဲ့အတူ သူရဲ့ အဓိက ရည်ရွယ်ချက်ကိုလည်း ပရိသတ်တွေကို အခုလိုရှင်းပြခဲ့ပါတယ် ။

ကျွန်တော်ခုနက ချိန်း လိုက်တဲ့ Profile လေးအကြောင်းပြောပြချင်တယ်။ အဲ့ဒိချစ်စရာ ဧရာဝတီလင်းပိုင်ပုံလေးကို သူတို့လေးတွေကိုချစ်တဲ့စိတ်နဲ့ ကျွန်တော်ကိုယ်တိုင်ဆွဲထားတာပါ။ အဲ့လိုပဲ ဧရာဝတီလင်းပိုင်လေးတွေကိုချစ်ကြတဲ့ သူများကလည်း လင်းပိုင်ပုံလေးတွေကို ကိုယ်တိုင်ဆွဲပြီး မိမိ account မှာ profile လေးတွေချိန်းကြရအောင်ဗျ ဆိုတဲ့ စာသားလေးနဲ့အတူ ဒေါင်းက သူ့ပရိသတ်တွေ ဆီက ကိုယ်တိုင်ဆွဲထားတဲ့ လင်းပိုင်ပုံလေးတွေကို အတူတူချိန်းဖို့ တောင်းဆိုခဲ့တာပဲဖြစ်ပါတယ် ။


ပရိသတ်တွေ ဆွဲထားတဲ့ ပုံလေးတွေကို သူ့ရဲ့ပိုစ့်အောက်က comment မှာလည်းလာပြပေးဖို့လည်းတောင်းဆိုထားပြီး ကိုယ်တိုင်လည်းကြည့်ပြီးပီတိဖြစ်ချင်လို့ပါ လို့ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ် ။ ဒေါင်းကိုချစ်တဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ဒေါင်းနဲ့အတူ လင်းပိုင်ပုံလေးတွေ ကိုယ်တိုင်ဆွဲပြီး Profile လေးတွေ ချိန်းလိုက်ကြရအောင်နော် ။

Source : Daung
Emily (Cele Gabar)