ဖြူဖြူထွေးကတော့ ဒုတိယထက်ထက်မိုးဦးလို့ ဆိုရလောက်အောင် ကြော်ငြာတွေရိုက်ကူးနေရတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ကြော်ငြာတွေကို ကိုယ်တိုင်အိုင်ဒီယာနဲ့ ဇာတ်ညွှန်းရေးပြီး ဖုန်းနဲ့ပဲရိုက်ကူးလေ့ရှိပေမယ့် ဟာသ၊ရသ အစုံ ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ဖန်တီးထားတဲ့ဖြူဖြူထွေးရဲ့ ကြော်ငြာတွေကိုတော့ တစ်ရက်အတွင်း ကြည့်ရှုသူ အနည်းဆုံးသိန်းငါးဆယ်လောက် ရှိလာတဲ့အထိ အောင်မြင်မှုရရှိနေတာပါ။
သူ့ရဲ့ကြော်ငြာတွေမှာလည်း ခက်ခဲနေတဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တွေကို ထည့်သုံးလေ့ရှိတဲ့အပြင် ရိုက်ကူးရေးပြီးတိုင်းလည်း ဂါရဝတရားရှေ့ထားပြီး စီနီယာအနုပညာရှင်တွေကို ကန်တော့လေ့ရှိသူပါ။ မနေ့က သူ့ရဲ့လူမှုကွန်ရက်မှာ မျှဝေခဲ့တဲ့ သင်းသင်းမွှေးရှူးရှဲလက်ဖက်ကြော်ငြာလေးမှာဆိုရင်လည်း ပရိသတ်တွေ မမြင်တွေ့ရတာ ကြာနေပြီဖြစ်တဲ့ ဦးချစ်စရာကို ပါဝင်သရုပ်ဆောင်ခိုင်းတာကို တွေ့မြင်ရမှာပါ။
ဖြူဖြူထွေးကတော့ အခုလိုဦးချစ်စရာ ပါဝင်သရုပ်ဆောင်ပေးတာနဲ့ပတ်သက်ပြီး ” အနုပညာအလုပ် (၃) နှစ်နားနေတဲ့ ဦးချစ်စရာကို ကြော်ငြာအတူရိုက်ခွင့်ရလို့ ပီတိဖြစ်မိ”ဆိုပြီး ကန်တော့ခံနေတဲ့ ဦးချစ်စရာရဲ့ ပုံရိပ်လေးတချို့နဲ့အတူ ရေးသားမျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ… ရိုက်ကူးရေးတွေရှားပါးနေတဲ့ ဇာတ်ပို့ဇာတ်ရံတွေကို အမြဲခေါ်သုံးလေ့ရှိတဲ့ ဖြူဖြူထွေးရဲ့ ဒီဗွီဒီယိုလေးထဲမှာတော့ ကိုလူချောနှစ်ယောက်ကိုပါ ထည့်သုံးထားတာတွေ့ရမှာပါ။ ဦးချစ်စရာနဲ့အတူ ဟာသရသစုံလင်စွာရိုက်ကူးထားတဲ့ ဖြူဖြူထွေးရဲ့ကြော်ငြာဗွီဒီယိုလေးကို မကြည့်ရသေးတဲ့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source – Phyu Phyu Htwe
Rainbow- Cele Gabar