လူတိုင်းကတော့ ရန်သူမျိုးငါးပါးနဲ့မကြုံချင်ကြတဲ့သူတွေ ချည်းပါပဲ။ မဖြစ်မနေကြုံလာရတဲ့အခါမှာတော့ ကြောက်ကြောက်လန့်လန့်နဲ့ပဲ ရင်ဆိုင်ရတာပါ။ ဒီဇိုင်နာမျိုးမင်းစိုးကတော့ သူ့ရဲ့အနီးအနားမှာ မီးလောင်တာကြောင့် အတော်လေးထိတ်လန့်ခဲ့ရတာပါ။
အဲ့ဒီအကြောင်းကို သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “မန္တလေးသားဖြစ်လို့မီးခဏခဏလောင်တာနဲ့အမြဲတမ်းအကျွမ်းတဝင်ရှိနေပေမဲ့လည်းအခုလိုအနီးအနားလောင်တိုင်အမြဲတမ်းဘယ်ပြေးလို့ပြေးရမှန်းမသိဘာသယ်လို့သယ်ရမှန်းမသိဖစ်ရပါတယ်။အထူးသဖြင့်ခုလိုညအချိန်ဆိုပိုဆိုးပါတယ်။မီးသတ်ကားမလာမချင်းကမ္ဘာပျက်နေသလ်ုကြီးပါ။ရောက်လာတော့လည်းအမြန်ငြိမ်းအောင်ဆုတောင်းရတာအမောပါ။ အသံတွေထဲမှာမီးသတ်ဥဩဆွဲသံကိုမကြားချင်ဆုံးနဲ့အကြောက်ဆုံးပါ။ငယ်ငယ်ထဲကနေခုချိန်ထိခံစားရတဲ့ခံစားမှူပါ။ ဒါပေမဲ့လည်းကိုယ့်ရဲ့အနီးအနားလောင်နေတယ်ဆိုရင်မီးသတ်ကားသံကြားရရင်အားဖစ်ရပါတယ်။ ရန်သူမျိုးငါးပါးထဲမှာအဆိုးရွာဆုံးလို့ကျန်တော်ထင်တယ်။ ငယ်ငယ်ထဲကအနီးအနားမီးလန့်တိုင်းအထုတ်တွေမပြီးပြေးခဲ့ရတာအရေအတွက်မရေနိင်အောင်ပါပဲ။ သံဝေဂတရားတွေလည်းပိုလို့ပိုလို့ရမိပါတယ်။” စသဖြင့် သူ့ရဲ့ခံစားချက်တွေကိုမျှဝေလာတာပါ။
ဒါ့အပြင် “မီးဘေးသင့်တဲ့မိသားစုတွေဘယ်လောက်များဒုက္ခတွေရောက်လိမ့်မလည်းဆိုတာအမြဲတွေးမိတယ်။ ခုနောက်ပိုင်းမီးသတ်သမားတွေအရမ်းတော်ကြတယ်။ခဏအတွင်းမှာနည်းလမ်းမှန်ကန်စွာဆုံးဖြတ်ပြီးအမြန်ဆုံးနည်းငြိမ်းသက်နိင်ကြတယ်။ သက်ဆိုင်ရာမီးသက်အဖွဲ့အားလုံးကိုလည်းတကယ်ရင်ထဲကကျေးဇူးတင်ပါတယ်။ စိုးရိမ်ပြီးဖုန်းနဲ့တမျိုးfb ကနေမေးကြတာတွေကောလူကိုယ်တိုင်လာကြပြီးမီးသတင်းမေးကြတဲ့မိတ်ဆွေအပေါင်းအသင်းများအားလုံးကိုလည်းကျေးဇူးအထူးပါနော်။ မိတ်ဆွေများရဲ့မေးမြန်းမှူကြောင့်တကယ်လည်းအားဖြစ်ရပါတယ်။ ထူးထူးခြားခြားဒီနေ့ဆိုင်နားမှာတင်မီးလောင်တာ(၂)ခါမို့တော်တော်လေးလန့်ပြီးအိပ်လို့မရရင်တုန်ပန်းတုန်းဖစ်ရပါတယ်။ ဆုတောင်းပေးကြတဲ့fb ကမိတ်ဆွေအပေါင်းအသင်းအားလုံးကျေးဇူးအထူးပါနော်။ (၇)ရက်သားသမီးအားလုံးလည်းရန်သူမျိုးငါးပါးဘေးအန္တရယ်မှထာဝရကင်းဝေးကြပါစေ” ဆိုပြီးတော့လည်း စိတ်ပူပေးတဲ့သူတွေကို ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။ မျိုးမင်းစိုးတစ်ယောက်အနီးအနားမှာ မီးလောင်ပေမဲ့ ဘေးကင်းခဲ့တာကြောင့်လည်း ပရိသတ်တွေဝမ်းသာမယ်ထင်ပါရဲ့နော်….
Source : MyoMinSoe