မင်းသားချောဟိန်းဝေယံကတော့ ဟိုးအရင်အချိန်ကတည်းက အခုထိ ပရိသတ်အားပေးမှုအခိုင်အမာနဲ့ရပ်တည်နေသူ တစ်ယောက်ပါ။ အားပေးဝန်းရံသူအမာခံပရိသတ်တွေနဲ့အတူ ငွေကြယ်ပွင့်ဟိန်းဝေယံပရဟိတအဖွဲ့ကိုတည်ထောင်ထားပြီး လိုအပ်နေတဲ့နေရာတွေကို လက်မနှေးကူညီနေသူလည်းဖြစ်ပါတယ်။
မနေ့ကလည်း သူ့ရဲ့ပရဟိတအဖွဲ့ကို အကူညီတောင်းခံလာတဲ့ လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်မှုကြောင့် လက်တစ်ဖက်ဆုံးရှုံးခဲ့ရတဲ့ ကိုကျော်မျိုးသန်းအတွက် အလှူငွေ၊ ဆန်(၁)အိတ်၊ ဆီ၊ဆား၊ငရုတ်သီးစိမ်း၊ အကျက်မှုန့်များ၊ ကြက်သွန်ဖြူ/နီ၊ အာလူး။ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာဘူးများ၊ ဆေးဝါးများကို ငွေကြယ်ပွင့်ဟိန်းဝေယံ ပရဟိအဖွဲ့ကနေပြီးတော့ အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သူတို့ရဲ့အလှူလေးကို မျှဝေခဲ့ပါတယ်။
အကူညီတောင်းလိုက်တာနဲ့ ချက်ချင်းလာရောက်ကူညီပေးခဲ့တဲ့ ဟိန်းဝေယံနဲ့ ဟိန်းဝေယံငွေကြယ်ပွင့်ပရဟိတအဖွဲ့ကတော့ တကယ်ကိုလူညီတဲ့အဖွဲ့လေးပါပဲ။ တတ်နိုင်တဲ့ဘက်ကနေ နိုင်သလောက်ကူညီပေးခဲ့ကြတဲ့ ဟိန်းဝေယံနဲ့သူ့ရဲ့အမာခံပရိသတ်တွေရဲ့အလှူအတွက် သာဓုခေါ်ပေးခဲ့ပါဦးနော်။
Source – Hein Wai Yan
Rainbow- Cele Gabar