အလှူသွားရင်း လမ်းမှာတွေ့တဲ့ သံဃာတော်နဲ့ ကလေးတွေကို လှူဒါန်းမှုတွေပြုလိုက်တဲ့ ရဲလေးမ

Posted on

ပရိသတ်ကြီးရေ ပရိတ်တွေရဲ့အချစ်တော် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် ရဲလေးမကတော့ လတ်တလောမှာ အလှူအတန်းတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေပါတယ်။ ရဲလေးမကတော့ အလှူအတန်းတွေကို အကြီးအကျယ် ပြုလုပ်လှူဒါန်းတာမျိုးမဟုတ်ပေမဲ့ အပြင်သွားရင်း ကြုံကြိုက်တဲ့ အခါတိုင်း တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်နေခ့တာပါ။

ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းကလည်း လမ်းမှာတွေတဲ့ မျက်စိဝေဒနာရှင် အဖိုးနဲ့ အဖွားကို တတ်နိုင်သလောက်လှူဒါန်းပေးခဲ့ပါသေးတယ်။ လတ်တလောမှာလည်း ရဲလေးမက ဆီမီးခုံမြို့အလှူလေးကို သွးရောက်ရင်း လမ်းခုလတ်ကရွာတစ်ရွာမှာ အလှူလေးတစ်ခုကို ကာလဒါနအနေနဲ့ လှူဒါန်းမှုပြုခဲ့တာပါ။ အခုလို လှူဒါန်းဖြစ်တဲ့ အကြောင်းကိုလည်း ရဲလေးမကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေဖော်ပြထားခဲ့တာပါ။

ဆီမီးခုံမြို့အလှူကိုအသွား လမ်းမှာရှိတဲ့ ဆိပ်ကမ်းရွာလေးမှာ ဘုန်းဘုန်းတစ်ပါးကို (၅၀၀၀)ကျပ်နဲ့ ရွာက ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ရွာသူရွာသားတွေကို မုန့်တွေဝေကာအလှူလေးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ရဲလေးမကတော့ သူပြုလုပ်တဲ့ ကုသိုလ်လေးကို ပရိသတ်တွေသာဓုခေါ်ဆိုပေးခဲ့ကြပါဦးတဲ့။

Chilli -CeleGabar
Source – Ye Lay Ma