ဒီနေ့မှာ အသက်(၂၆)နှစ်ပြည့်သွားပြီဖြစ်တဲ့ မင်းသမီးချောလေးဝါဆိုမိုးဦး

Posted on

အမိုက်စားကောက်ကြောင်းအလှတွေကိုပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်၊မင်းသမီးချောလေး ဝါဆိုမိုးဦးကိုတော့ ပရိသတ်တွေသိကြမှာပါ။ ဝါဆိုမိုးဦးကတော့ အဆိုတော်တစ်ယောက်အနေနဲ့လည်း အနုပညာအလုပ်တွေလုပ်တဲ့ သူတစ်ယောက်ဖြစ်သလို ပရိသတ်တွေကို Tik Tok လေးတွေမျှဝေပေးတာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကိုလည်း ရရှိနေသူတစ်ယောက်ပါ။


ဒီနေ့လေးမှာတော့ မင်းသမီးချောလေးဝါဆိုမိုးဦးဟာအသက်(၂၆) နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ မွေးနေ့အမှတ်တရနေ့လေးမှာ ဝါဆိုမိုးဦးကတော့ သူ့ရဲ့အလှပုံရိပ်တွေကို မျှဝေခဲ့ပြန်ပါတယ်။ သူ့ရဲ့ပရိသတ်တွေကတော့ မွေးနေ့ဆုတောင်းလေးတွေ ပြောခဲ့ကြပါသေးတယ်။ မကြာသေးခင်ရက်ပိုင်းမှာ ဝါဆိုမိုးဦးကတော့ သူ့ရဲ့မွေးနေ့မှာ အလှူလုပ်မယ့်အကြောင်းကိုလည်း အသိပေးထားပါသေးတယ်။


ဝါဆိုမိုးဦးတစ်ယောက် ပရိသတ်တွေရဲ့အချစ်တွေကိုရရှိရုံသာမက အနုပညာလောကမှာ အောင်မြင်မှုများစွာကို ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ဝါဆိုမိုးဦးရဲ့ပရိသတ်တွေရှိရင် မွေးနေ့ဆုတောင်းလေးတွေပြောပေးသွားပါဦးနော်…


Source : WarsoMoeOo