ကျွန်မလိုမင်းသမီးတစ်ယောက်မှာလည်း လှချင်စိတ်ရှိတယ်ဆိုပြီး ပြောပြလာတဲ့ မိုးဟေကို

Posted on

ပရိသတ်အချစ်တော်မိုးဟေကိုကတော့ အေးဆေးတည်ငြိမ်ပြီး ကျက်သရေရှိတဲ့အလှတရားတွေပိုင်ဆိုင်ထားတဲ့သူပါ။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာပါဝင်ရိုက်ကူးခဲ့သလို လက်ရှိအချိန်မှာလည်း ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကိုတည်ထောင်ထားသူဖြစ်ပါတယ်။ ဘက်စုံတော်တဲ့မိုးဟေကိုကတော့ ကြော်ငြာတွေမှာလည်း မကြာခဏတွေ့ရတဲ့မင်းသမီးတွေထဲမှာပါဝင်တာပါ။


မိုးဟေကိုကတော့ အချိန်ကာလတစ်ခုကြာအောင် အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေလုပ်လာပြီး ပရိသတ်တွေနဲ့လည်း အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်ပါ။ မိုးဟေကိုကတော့ ” ကျွန်မလိုမင်းသမီးတစ်ယောက်မှာလည်း လှချင်တဲ့စိတ်ရှိတယ်ဆို “ရှင်တို့” ယုံမှာလား … တစ်ခါတလေ ကျွန်မဘာအရောင်မှမချယ်ထားလည်း လှနေချင်တယ်… ပကာသနကင်းတဲ့မိန်းမလှလေးတစ်ယောက်လိုလည်း လှနေစေချင်တယ်…
ဖြူစင်အေးချမ်းတဲ့မိန်းမလှလေးတစ်ယောက်လိုလည်း လှနေစေချင်တယ်…
ဘာလို့ အဲ့လောက်လှချင်ရလဲသိလား? မိုးချစ်ရတဲ့”ရှင်တို့”လေးတွေအတွက်ပေါ့” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါသေးတယ်။


ဒါ့အပြင် Vintage ဆန်ဆန်ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကိုမျှဝေခဲ့တာပါ။ အချိန်တိုင်းမှာအလှကြီးလှနေတဲ့မိုးဟေကိုကတော့ လှချင်စိတ်ရှိသေးတယ်လို့ ဆိုထားပါသေးတယ် ပရိသတ်ကြီးရေ…


Source : Moe Hay Ko