အဖွားရဲ့ပြေတီဦးထက်ချောတယ်ဆိုတဲ့ စကားကြောင့် ကျေနပ်နေတဲ့ ကိုပေါက်

Posted on

ရုပ်ရှင်သရုပ်ဆောင်နဲ့ ဒါရိုက်တာကိုပေါက်ကတော့ လတ်တလောမှာ Tik Tok တွေဆော့ရင်း သူတတ်ကျွမ်းတဲ့ဟာသပညာနဲ့ ပရိသတ်တွေရဲ့ဘဝအမောတွေ ဖြေဖျောက်ပေးနေသူပါ။ ကိုပေါက်ရဲ့ ရယ်ရလွန်းတဲ့ Tik Tok တွေကိုတော့ ကြည့်ရှုအားပေးသူပရိသတ်တွေ များစွာရှိနေပြီ ဖြစ်ပြီး ကိုပေါက်ကတော့ ဒီတစ်ခေါက်မှာ ပြေတီဦးကို ရန်စတဲ့ဗွီဒီယိုလေးတစ်ခုထပ်မံ မျှဝေခဲ့ပါတယ်။

သူကတော့ လတ်တလောမှာ မန္တလေးရောက်နေပြီး ဒီဇိုင်နာမျိုးမင်းစိုးနဲ့အတူ မနေ့က YGW ဘိုးဘွားရိပ်သာမှာ သွားရောက်လှူဒါန်းရင်း အဘွားတစ်ယောက်နဲ့စကားလက်ဆုံကျခဲ့ရာက အဘွားကို ပြေတီဦးနဲ့ကျွန်တော် ဘယ်သူပိုချောလဲဆိုတဲ့မေးခွန်းလေးကို မေးခဲ့ပါတယ်. အဖွားကတော့ မင်းပိုချောတာပေါ့ လို့ ပြောခဲ့တာကြောင့် ကိုပေါက်ကတော့ ဒီ ဗွီဒီယိုလေးကို အရွှန်းဖောက်မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…

ကိုပေါက်နဲ့ ပြေတီဦးတို့ကတော့ အရမ်းရင်းနှီးကျတဲ့သူငယ်ချင်းတွေပီပီ တစ်ယောက်ကိုတစ်ယောက် ဆေးထိုးရင်းစနောက်လေ့ရှိသူတွေပါ။ မကြာသေးခင်က ပြသခဲ့တဲ့ ကိုပေါက်၊ပြေတီဦးနဲ့ ညိုမင်းလွင်တို့ရဲ့ သုံးယောက်စကားဝိုင်းမှာလည်း တစ်ယောက်ကိုတစ်ယောက်ဆေးထိုးကြရင်း ကိုပေါက်တစ်ယောက် အကြီးအကျယ်အထိနာခဲ့ပါသေးတယ်။ ကိုပေါက်ကတော့ ဒီတစ်ခေါက်မှာ အဘွားရဲ့စကားကြောင့် ပြေတီဦးကို ပြန်ချေလို့ရသွားတာ အမှန်ပါပဲပရိသတ်ကြီးရေ…

Source – Aung Min Naing
Rainbow- Cele Gabar