(၆)ပတ်တိုင်အောင် Top (10)မှာရှိနေတာကြောင့် နားဆင်ပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ဖြူဖြူကျော်သိန်း

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ဖြူဖြူကျော်သိန်းကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုလာပါတယ်။ ဖြူဖြူကျော်သိန်းက ပရိသတ်တွေကို ကျေးဇူးတင်စကားပြောရတဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့သီချင်းလေးက ထွက်ရှိလာပြီး (၆)ပတ်တိုင်အောင် Top (10)နေရာကို ရရှိနေသေးတာကြောင့်ပဲဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းရဲ့ “ထွက်သွားပါတော့” သီချင်းလေးကတော့ ပြီးခဲ့တဲ့ လကထွက်ရှိလာခဲ့တာဖြစ်ပြီး ထွက်ရှိလာကတည်းက ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဒီသီချင်းလေးက ထွက်ရှိလာပြီး (၆)ပတ်မြောက်တဲ့ အထိ Joox မှာ ပရိသတ် နားဆင်မှုအများဆုံးနဲ့ Top (10)စာရင်းထဲမှာ ဝင်ရောက်နေခဲ့သေးတာကြောင့်ပဲဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းကတော့ အခုလို နားဆင်ပေးကြတဲ့ ပရိသတ်တွေကို “နားဆင်အားပေးသူပရိသတ်တစ်ယောက်စီတိုင်းကိုရော၊ အမာခံ streamers ကြီးတွေကိုရောကျေးဇူးအများကြီးတင်ပါတယ်ရှင်”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေရော ဖြူဖြူရဲ့ “ထွက်သွားပါတော့” သီချင်းလေးကို ကြိုက်နှစ်သက်ကြတယ်မလား။

Chilli – CeleGabar
Source – Phyu Phyu Kyaw Thein