ပရိသတ်အချစ်တော်အဆိုတော်မလေးပိုပိုကတော့ အသစ်အသစ်သောအနုပညာဖန်တီးမှုတွေ ပရိသတ်ကိုချပြဖို့ ကြိုးစားနေသူတစ်ယောက်ပါ။ အခုလည်း သာယာအေးချမ်းတဲ့ ညောင်ရွှေမြို့လေးကိုရောက်ရှိနေတာဖြစ်ပြီး သီချင်းအတွက် Music Video တွေဖန်တီးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
အဲ့ဒီအကြောင်းကိုတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ မင်းသားချောပိုင်တံခွန်နဲ့အတူ ရိုက်ကူးရေးလုပ်နေတဲ့ပုံရိပ်လေးတွေနဲ့အတူ တင်ထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေမျှော်လင့်နေတဲ့ သီချင်းဗီဒီယိုအသစ်လေးကတော့ ပိုင်တံခွန်နဲ့အတူတွဲဖက်သရုပ်ဆောင်ပြီးဖန်တီးထားဦးမယ်ထင်ပါရဲ့နော်။ ပိုပိုကတော့ ကိုဗစ်ကာလမှာကလည်းက သီချင်းဗီဒီယိုတွေဖန်တီးထွက်ရှိနိုင်အောင်ကြိုးစားခဲ့ပြီး “Holiday” ဆိုတဲ့ သီချင်းလေးထွက်ရှိခဲ့ပါသေးတယ်။
သိပ်မကြာသေးခင်ကလည်း “ဘုရားရှိခိုးပါ” ဆိုတဲ့သီချင်းလေးကို အနုပညာမောင်နှမတွေနဲ့အတူ ဖန်တီးခဲ့ပါသေးတယ်။ အနုပညာအလုပ်တွေအဆက်မပြတ်ကြိုးစားနေတဲ့ပိုပိုပ အခုလည်း သီချင်းအသစ်အတွက်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ စောင့်ကြည့်ဖို့ ရယ်ဒီပဲလား ပရိသတ်ကြီးရေ…
Source : ပိုပို