မကြာခင်အချိန်မှာ ကိုယ်ပိုင်သီချင်းလေးထွက်ရှိလာတော့မယ့် နော်စေးစေးထူး

ပရိသတ်ကြီးရေ နော်စေးစေးထူးကတော့ မြန်မာအိုင်ဒေါ Season (4) ပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ခဲ့ဲပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့နော်စေးစေးထူးက အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်အောင် အားသွန်ခွန်စိုက်ကြိုးစားနေခဲ့ပြီး ကိုယ်ပိုင် သီချင်းတွေထွက်ရှိဖို့ ပြင်ဆင်နေခဲ့ပါတယ်။

နော်စေးစေးထူးရဲ့ ပရိသတ်တွေကလည်း နော်စေးစေးထူးရဲ့ သီချင်းတွေကို စောင့်မျှော်နေကြပါသေးတယ်။ နော်စေးစေးထူးကလည်း သူ့ရဲ့ပရိသတ်တွေစောင့်မျှော်နေတဲ့အတိုင်း သူ့ရဲ့ သူ့ရဲ့သီချင်းလေးကမကြာခင်အချိန်မှာ ထွက်ရှိလာတော့မယ့်အကြောင်း ပရိသတ်တွေကို အသိပေးပြောကြားလာခဲ့ပါတယ်။ သီချင်းလေးကတော့ “အချစ်ရဲ့ ဒုက္ခသည်မလေး” လို့ နာမည်ပေးထားပြီး MV လေးပါ တပါတည်းထွက်ရှိလာမှာဖြစ်ပါတယ်။

နော်စေးစေးထူးကတော့ သူ့ရဲ့ပရိသတ်တွေ သူ့ရဲ့ သီချင်းလေးနဲ့ ပိုစတာလေးကို Profile Picture လေးချိန်းပြီးတော့ ဝန်းရံပေးကြဖို့ကိုလည်း ပရိသတ်တွေကို တောင်းဆိုထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးတို့ရေ နော်စေးစေးထူးရဲ့ သီချင်းလေးကတော့ မကြာခင်အချိန် ဒီရက်ပိုင်းအတွင်းမှာပဲထွက်ရှိလာတော့မှာပါတဲ့။

Chilli – CeleGabar
Source – Naw Say Say Htoo

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x