အနုပညာအလုပ်တွေကိုရပ်နားခဲ့ရတဲ့ အကြောင်းရင်းကိုပြောပြလာတဲ့ ဟိန်းမင်းသူ

Posted on

မော်ဒယ်လ် သရုပ်ဆောင်တစ်ယောက် ဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ ဟိန်းမင်းသူကတော့ မိန်းကလေးပရိသတ်တွေ အသည်းကျော် အနုပညာရှင်တစ်ယောက်ပါ ။ သူ့ရဲ့အဓိက ဆွဲဆောင်မှုအရှိဆုံးကတော့ မိန်းကလေးတိုင်းသဘောကျစေမယ့် အမိုက်စားဘော်ဒီကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ် ။ ပရိသတ်အားပေးမှုအခိုင်အမာ ရရှိပြီးမှ အနုပညာအလုပ်တွေကို ရပ်နားခဲ့တဲ့အတွက် ပရိသတ်တွေက စိတ်ဝင်တစားဖြစ်နေခဲ့ကြတာပါ ။

လတ်တလောမှာတော့ ဟိန်းမင်းသူက ကျွန်တော့အလုပ်တွေကို ကျွန်တော် ဒီထက်ပိုလေ့လာချင်လို့ ခဏရပ်ပြီးလေ့လာတယ် သင်ယူတယ် ဒီအချိန် (၄) လလောက်မှာ ကျွန်တော့်ကို မေ့တဲ့သူတွေကလည်း မေ့သွားခဲ့တယ် လေ့လာချင်တာတွေလည်း အများကြီးလေ့လာလိုက်ရတယ် ဟိန်းမင်းသူဆိုတာ မရှိသလို ဖြစ်သွားတဲ့အခါ ဘယ်သူတွေက မိတ်ဆွေ အစစ်လဲ အတုလဲဆိုတာ သိလာခဲ့ရတယ် ဆိုတဲ့စာသားကို သူ့ရဲ့မိုင်ဒေးကနေ တဆင့်ရေးသားပြီး အနုပညာအလုပ်တွေ ရပ်နားခဲ့ရတဲ့အကြောင်းရင်းမှန်ကို ပရိသတ်တွေကို ဝေမျှပေးခဲ့တာပဲဖြစ်ပါတယ် ။

အခုတော့ သူ့ကိုအားပေးတဲ့ ပရိသတ်တွေ မျက်နှာမငယ်ရအောင် အချိန်ယူမှု တစ်ခုလုံလောက်ခဲ့ပြီ ဖြစ်တဲ့အတွက် မကြာခင်အားလုံးရှေ့မှာ ပြန်တွေ့ရတော့မှာ ပါလို့လည်းရေးသားဖော်ပြထားပါသေးတယ် ။ ဟိန်းမင်းသူကိုချစ်ကြတဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးရှေ့ကို လာမယ့် သောကြာနေ့မှာ သူ့ရဲ့ ဇာတ်လမ်းတွဲလေးတစ်ခုကို ထုတ်လွှင့်တော့မှာဖြစ်လို့ ဆက်ဆက် စောင့်မျှော်အားပေးလိုက်ကြပါဦးနော် ..။

Source : Hein Min Thu
Emily (Cele Gabar)