အခွေသစ်အတွက် သီချင်းတွေပြင်ဆင်နေပြီဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း

Posted on

သရုပ်ဆောင်တစ်ယောက်အနေဖြင့် အောင်မြင်မှုအခိုင်အမာရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် နိုင်ငံကျော်အဆိုတော် ဝိုင်းစုခိုင်သိန်းကတာ့ တေးစီးရီးပါင်းများစွာထွက်ရှိထားပြီး ထွက်ရှိသမျှတေးစီရီးတိုင်းဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုသိမ်းပိုက်ထားပါတယ်။ ဝိုင်းစုရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ နွားကျောင်းသူ တေးစီးရီးဟာဆိုရင်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးနဲ့ အောင်မြင်မှုအခိုင်အမာရရှိခဲ့ပါတယ်။

ဝိုင်းစုခိုင်သိန်းဟာ လက်ရှိမှာတော့ အခွေသစ်အတွက် သီချင်းတွေပြင်ဆင်နေပြီဖြစ်တဲ့အကြောင်းကို “ဒီနေ့ နောက်အခွေအတွက် နေချိုရေးပေးထားတဲ့သီချင်းလေးတွေ Dream Lover Bandနဲ့ အတီး Date အမှတ်တရ မနက်ဖြန်လဲ တေးသံသာမှာ ဝေကြီးရေးပေးထားတဲ့ သီချင်းအသစ်ကလေးတစ်ပုဒ် ထွက်ဖို့ရှိတယ်နော်လို့ ချစ်ဆုံးတို့ရေ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။သူဟာ ချိုမြိန်တဲ့အသံလေးက ပရိသတ်ရင်ကိုထိရှစေကာ သီချင်းတွေကလည်း တစ်ပုဒ်ဆိုတစ်ပုဒ်ဆိုသလောက် ပေါက်ခဲ့ပြီး ပရိသတ်ရဲ့ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့အထိ အောင်မြင်မှုအခိုင်အမာကိုသိမ်းပိုက်ထားပါတယ်။

CeleGabr ပရိသတ်ကြီးရေ နိုင်ငံကျော်အမျိုးသမီးအဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ အခွေသစ်အတွက် တေးရေးနေချိုရေးပေးထားတဲ့ သီချင်းတွေကို Dream Lover Bandနဲ့အတူ သီချင်းအတီးစတင်လုပ်နေပါပြီတဲ့။ ပရိသတ်ကြီးရေ ဝိုင်းစုကတော့ အခွေသစ်အတွက် ပြင်ဆင်နေပြီနော်။

Source: Wyne Su Khaing Thein
DarDar-CeleGabar