မိဘတွေရဲ့နုပျိုမှုက ကျမကြိုးစားမှုရဲ့ရလဒ်ဆိုတဲ့ အေးမြတ်သူ

Posted on

ပါးချိုင့်လေးတွေနဲ့အပြုံးချိုချိုမင်းသမီးချောလေးအေးမြတ်သူကတော့ စိတ်သဘောထားကောင်းမွန်ပြီး ချစ်စရာကောင်းတဲ့သူလည်း ဖြစ်ပါတယ်။ အနုပညာအရည်အချင်းတွေကြောင့်အကယ်ဒမီတစ်ဆုရရှိထားသလို ဟိတ်ဟန်မရှိပဲနေထိုင်တတ်တဲ့ ပင်ကိုစတိုင်တွေကြောင့်လည်း ပရိသတ်တွေက ချစ်နေရတာပါ။


အေးမြတ်သူကိုတော့ မိသားစုကိုအချိန်ပေးလွန်းတဲ့အပျိုကြီးတစ်ယောက်လို့ သိကြမှာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာတော့ “super sunday တုန်းက ပုံတွေခုမှပြန်တင်တာလို့…… ဒီမိသားစု အတွက် နုပျိုမှုတွေကျမလိုအပ်နေသေးတယ်…… မိဘတွေရဲ့နုပျိုမှုက ကျမကြိုးစားမှု့ရဲ့…. ရလဒ် လို့ မှတ်ယူထားတယ်…….ဒီထပ်ပိုပြီး နုပျိုအောင်ထားချင်ပါတယ်..”ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားကာ မိဘတွေရဲ့ပုံရိပ်ကိုလည်း မျှဝေထားပါတယ်။


အေးမြတ်သူကတော့နာမည်ကြီးမင်းသမီးတွေထဲကတစ်လက်ဖြစ်ပေမဲ့ လေးစားစရာကောင်းတဲ့ အတွေးအခေါ်လေးတွေကို ပိုင်ဆိုင်ထားသူပါ။ မိသားစုကိုမကြာခဏအချိန်ပေးသလို တူလေးဖြစ်သူကိုလည်း အရမ်းချစ်တဲ့အကြောင်းတွေပရိသတ်တွေကို မျှဝေပေးတတ်ပါသေးတယ်။ အခုလည်း မိဘတွေကို စိတ်ချမ်းသာနုပျိုအောင်ထားဖို့ကသူ့တာဝန်လို့ ခံယူထားပုံပါပဲနော်…
Source : AyeMyatThu