မွေးနေ့အကြိုအနေနဲ့ ရွာမှာ အလှူပွဲကြီးကျင်းပခဲ့တဲ့ နေဆန်း

Posted on

ပရိသတ်ကြီးရေ နေဆန်းကတော့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ဟာသဗီဒီယိုလေးတွေကို တင်ဆက်ရင်းကနေ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပါ။ လက်ရှိအချိန်မျာတော့ နေဆန်းကအောင်မြင်မှုတွေတော်တော်လေးကိုလည်း ရရှိနေတဲ့ သူတစ်ယောက်ဖြစ်ပြီး ကြော်ငြာတွေကိုပါရိုက်ကူးနေနေရပြီလည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ နေဆန်းက မကြာခင်မှာကျရောက်လာမယ့် သူ့ရဲ့မွေးနေ့ရက်လေးအတွက် မွေးနေ့အကြိုအနေနဲ့ ဇာတိဖြစ်တဲ့ ရွာလေးမှာ အလှူကြီးပေးခဲ့ပါတယ်။ ရွာမှာရှိတဲ့ ကလေးတွေအတွက် အုန်းနို့ခေါက်ဆွဲ အာဟာရဒါနကျွေးမွေးခဲ့ပြီး လူကြီးတွေအတွက်တော့ ဆီ၊အလှူငွေနဲ့ တခြားသော ပစ္စည်းတွေကို လှူဒါန်းပေးခဲ့တာပါ။ အခုလို အောင်မြင်လာချိန်မှာ မိမိနေထိုင်ခဲ့တဲ့ ရပ်ရွာကို အထောက်အကူပြုတာကတော့ ချီးကျူးထိုက်တဲ့ လုပ်ရပ်လေးပါပဲ။

ပရိသတ်တွေကလည်း မွေးနေ့အကြိုအနေနဲ့ ရွာမှာ အလှူကြီးပေးခဲ့တာကြောင့် နေဆန်းရဲ့ စိတ်ဓာတ်လေးကို ချီးကျူးနေခဲ့ကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ နေဆန်းရဲ့ မွေးနေ့အကြိုအနေနဲ့ ပြုလုပ်ခဲ့တဲ့ အလှူပွဲကြီးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦး ပရိသတ်ကြီးတို့ရေ။

Chilli -CeleGabar
Source – Nay Sann