ဓာတ်ပုံထဲမှာစတိုင်ထုတ်ထားပေမဲ့ အပြင်မှာအလွဲတွေဖြစ်ခဲ့ရတဲ့အကြောင်းကို ပြောပြလာတဲ့ပိုပို

Posted on

ပိုပိုကတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကိုပရိသတ်တွေကို အဆက်မပြတ်မျှဝေပေးနေတာပါ။ အခုလည်း ညောင်ရွှေမှာရိုက်ကူးရေးလုပ်နေတာကိုပရိသတ်ကို အသိပေးထားပါသေးတယ်။ ပိုပိုကတော့ မင်းသားချောပိုင်တံခွန်နဲ့အတူ သီချင်းအသစ်အတွက် ရိုက်ကူးရေးတွေလုပ်နေတာလည်း ဖြစ်ပါတယ်။


ပိုပိုကတော့ ဒီနေ့မှာ စတိုင်ကျကျဆေးလိပ်သောက်နေတဲ့ပုံလေးကို ပရိသတ်တွေကိုမျှဝေခဲ့ပြီး ” ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်… မင်းကို ချစ်ခဲ့မိတာက စိတ်ကျန်းမာရေးကို ပိုထိခိုက်စေခဲ့တယ် ချစ်သူ” ဆိုပြီးတော့ ရေးသားထားပါသေးတယ်။ ပိုပိုကတော့ စတိုင်ကျကျပုံလေးတွေနောက်ကွယ်က snapshot လေးတွေကိုလည်း ပရိသတ်တွေကိုမျှဝေခဲ့တာပါ။ ပိုပိုတစ်ယောက်စတိုင်ကျကျဆေးလိပ်သောက်နိုင်ခြင်းရဲ့နောက်ကွယ်မှာ ချောင်းဆိုးကာဆေးလိပ်တွေမွှန်နေတာဖြစ်ပြီး ပရိသတ်တွေအတွက် ရယ်မောစရာတစ်ခုဖြစ်ခဲ့ပါတယ်။


ပိုပိုကတော့ သူ့ရဲ့အလွဲတွေကို ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းနဲ့မျှဝေပေးခဲ့တာပါ။ ပရိသတ်တွေကို အစစအရာရာမျှဝေတတ်တဲ့ပိုပိုကေတော့ တကယ့်ကိုချစ်စရာကောင်းပါတယ်နော်။ အခုလည်း ပရိသတ်တွေကြားရယ်မောစရာဖြစ်ခဲ့တဲ့ ပိုပိုရဲ့အလွဲလေးတွေကို မျှဝေပေးလိုက်ပါတယ်..


Source : ပိုပို