တိုင်ရွန်ကတော့ အနုပညာလောကကို မော်ဒယ်လ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့ပြီး လက်ရှိအချိန်မှာတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ပါ အောင်မြင်မှုတွေရရှိနေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော် တိုင်ရွန်ကတော့ အလှူအတန်းတွေကို ရက်ရောလွန်းလှတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။
မကြာခဏဆိုသလိုလည်းအလှူအတန်းတွေကို ပြုလုပ်လေ့ရှိတဲ့ သူတစ်ယောက်ဖြစ်ပြီး အခုတစ်ခေါက်မှာလည်း တိုင်ရွန်က ကားလမ်းသွားလာရခက်ခဲတဲ့ ရှမ်းပြည် တောင်ရိုးရွာလေးနှစ်ရွာကို မြင်းစီးပြီး သွားရောက်ကာ ရွာမှာရှိတဲ့ ကလေးတွေအတွက် စာရေးကိရိယာတွေ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ စာရေးကိရိယာတွေအပြင် မိုးကာအင်္ကျီတွေနဲ့ မုန့်တွေကိုလည်း လှူဒါန်းခဲ့ပါတယ်။
အခုလို လှူဒါန်းဖြစ်ခဲ့တဲ့ အကြောင်းကိုတော့ တိုင်ရွန်က သွားရောက်လှူဒါန်းခဲ့တာကို မှတ်တမ်းတင်ထားတဲ့ ပုံလေးတွေ၊ ရွာသူရွာသားတွေနဲ့ အတူတူရိုက်ကူးထားတဲ့ အမှတ်တရပုံတွေနဲ့ မျှဝေဖော်ပြထားတာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ တိုင်ရွန်ရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။
Chilli -CeleGabar
Source – Tyron Bejay