ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အက်စတာရဲ့ ပထမဆုံးကိုယ်ပိုင်သီချင်းလေးရဲ့ Teaser ဗီဒီယိုလေးကတော့ ဒီနေ့မှာပဲထွက်ရှိလာခဲ့ပါတယ်။ အက်စတာရဲ့ ပရိသတ်တွေကတော့ အက်စတာရဲ့ ကိုယ်ပိုင်သီချင်းလေးထွက်ရှိလာဖို့စောင့်မျှော်နေခဲ့ကြသလို အက်စတာကလည်း သူ့ရဲ့ပထမဆုံးသီချင်းလေးကိုအကောင်းဖြစ်အောင် အချိန်သေချာယူ ပြင်ဆင်နေခဲ့တာပါ။
ဒီနေ့မှာတော့ အက်စတာက ပထမဆုံး သီချင်းလေးရဲ့ Teaser ဗီဒီယိုလေးနဲ့အတူ “အမျိုးတို့အားလုံး Bless & Beautiful Morning ပါနော်။ ပထမဆုံး Music Teaser လေးတင်တဲ့နေရာမှာလိုအပ်ချက်လေးတွေရှိလို့ Page မှာထပ်တင်လိုက်တာပါရှင့်။ လိုအပ်ချက်တွေအများကြီးရှိနေလို့လည်းစိတ်ရှည်ရှည်နဲ့ နားလည်ပေးလက်စနဲ့ထပ်ပီးနားလည်ပေးဖို့တောင်းဆိုပါရစေရှင့်။အမျိုးတို့ရှိလို့Esther ဆိုတာရှိတာပါ ကျေးဇူးတင်ပါတယ်ရှင့်။” လို့ လိုအပ်ချက်တွေရှိနေခဲ့ရင် ပထမဆုံးသီချင်းလေးမို့ နားလည်ပေးကြဖို့ တောင်းဆိုထားပါသေးတယ်။
အခုလို အားပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်သလို သီချင်းလေး အပြည့်အစုံထွက်လာတဲ့နေ့ကျရင်လည်း အားပေးကြဖို့လည်း ဆိုထားပါတယ်။ CeleGabar ပရိသတ်ကြီးရေ အက်စတာရဲ့ ပထမဆုံးသီချင်းလေးဖြစ်တဲ့ “Unseen” သီချင်းလေးကတော့ Teaser ဗီဒီယိုလေးမှာတင် မထင်မှတ်ထားလောက်အောင် ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျပြီး အောင်မြင်မှုတွေရရှိနေပါတယ်။
Chilli – CeleGabar
Source – Esther DCS