MV လေးအပြီးသတ်ရိုက်ကူးနေပြီမို့ မကြာခင်မှာ သီချင်းလေးတွေထွက်ရှိလာတော့မယ့် နေလင်းကျော်

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် နေလင်းကျော်ကတော့ သူ့ရဲ့ပထမဆုံးကိုယ်ပိုင်သီချင်းလေး ထွက်ရှိလာဖို့ ကြိုးပမ်းနေတာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။ နေလင်းကျော်ကတော့ သူ့အတွက် ပထမဆုံးသီချင်းလည်းဖြစ်သလို အားပေးနေကြတဲ့ အမာခံပရိသတ်တွေအတွက် အကောင်းဆုံးသီချင်းတွေကို ဖန်တီးပေးချင်တာကြောင့် အကောင်းဆုံးကြိုးစားနေခဲ့ပါတယ်။

နေလင်းကျော်က ပရိသတ်တွေ စောင့်မျှော်နေတဲ့ သူ့ရဲ့ပထမဆုံးသီချင်းလေးကို MV လေးနဲ့ တခါတည်း ထွက်ရှိလာမှာဖြစ်ပြီး လတ်တလောမှာ MV လေးကို အပြီးသတ်ရိုက်ကူးနေပြီဖြစ်တာကြောင့် လာမယ့် သြဂုတ်လမှာ သီချင်းလေးထွက်ရှိလာတော့မယ့်အကြောင်းကို ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိတ်တွေကို အသိပေးကြေညာလိုက်ပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ “အလွမ်းနဲ့ မိုး” လို့အမည်ပေးထားပြီး နေလင်းကျော်ကိုယ်တိုင် ရေးသားထားတာပါ။

ဒီသီချင်း MV လေးမှာ ပါဝင်ကူညီပေးတဲ့ တစ်ယောက်ချင်းစီကိုလည်း နေလင်းကျော်ကကျေးဇူးတင်ကြောင်းပြောထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ နေလင်းကျော်ရဲ့ သီချင်းလေးက အပြီးသတ်ရိုက်ကူးနေပြီး နောက်လမှာထွက်ရှိလာတော့မယ့် သတင်းကောင်းလေးကို ပရိသတ်တွေအတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleGabar
Source – Nay Lin Kyaw