စိတ်ကူးယဉ်ဇာတ်ကောင် မိုးနတ်သားအတွက် ဝတ်စုံတွေကို အသေးစိတ်ပြင်ဆင်ခဲ့တဲ့ ဒီဇိုင်နာသျှတ္တရာ

Posted on

ပရိသတ်တွေဆီကို mntv ရုပ်သံလိုင်းကနေပြီးတော့ စိတ်ကူးယဉ် အချစ်ဒရမ်မာဇာတ်လမ်းတွဲလေးကို ထုတ်လွှင့်ဦးမှာပါ။ ဒီဇာတ်လမ်းတွဲလေးနာမည်ကတော့ “ရင်ခုန်သံ (၇၄) ရက်” ဖြစ်ပြီး မကြာသေးခင်ကထွက်ရှိထားတဲ့ Official Trailer လေးကြောင့်လည်း ပရိသတ်တွေစိတ်ဝင်စားလို့ နေတာပါ။ ဒီဇာတ်ကားကတော့ ပရိသတ်တွေသိပ်မမြင်တွေ့ဖူးသေးတဲ့ ဇာတ်လမ်းပုံစံမျိုးဖြစ်ပြီး နတ်သားတွေ နတ်သမီးတွေလည်း ဒီဇာတ်လမ်းမှာပါဝင်နေတာကြောင့် ပရိသတ်တွေကြားရေပန်းစားနေတာပါ။


ဒီထဲကပရိသတ်အချစ်တော်ခါရာကတော့ မိုးနတ်သားအဖြစ်နဲ့ပါဝင်ထားတာပါ။ စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်တဲ့မိုးနတ်သားအဖြစ်ပီပြင်အသက်ဝင်စေဖို့ဝတ်စုံကိုတော့ နာမည်ကြီးဒီဇိုင်နာသျှတ္တရာမှ ချုပ်လုပ်ဖန်တီးခဲ့တာပါ။ အသေးစိတ်ပြီးလက်ရာမြောက်တဲ့ ဒီဝတ်စုံလေးကိုတော့ အချိန်(၂)လကျော်အထိအချိန်သေချာယူပြီး ပြင်ဆင်ခဲ့တယ်လို့လည်း သိရပါတယ်။ အဖြူနဲ့ရွှေရောင်ကို ရောစပ်ဖန်တီးထားတဲ့ဒီဝတ်စုံကတော့ ကိုယ်ရောင်ကိုယ်ဝါတောက်ပတဲ့ နတ်သားတစ်ပါးအဖြစ်လည်း ပီပြင်အသက်ဝင်စေခဲ့တာကြောင့် ပရိသတ်တွေကသဘောကျနေကြတာလည်း ဖြစ်ပါတယ်။


ဒီဇာတ်လမ်းလေးမှာတော့ ခါရာနဲ့အတူ မြတ်နိုးအေး၊ မိုးယံဇွန်၊ပြည့်ဝတီမောင် တို့လည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မြတ်နိုးအေးကသာမန်လူသားတစ်ယောက်ဖြစ်ပြီး မိုးနတ်သားအဖြစ်သရုပ်ဆောင်မယ့်ခါရာတို့နှစ်ယောက် ဘယ်လိုတွေတွေ့ဆုံကြမလဲ ? စိတ်ကူးယဉ်ဇာတ်လမ်းဆိုတဲ့အတိုင်း မထင်မှတ်ထားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေပါဝင်ဦးမလားဆိုတာ ရင်ခုန်စရာပါပဲနော်…Source : mntv