ဖိုက်စတားအဖွဲ့နဲ့အတူ အတွဲညီညီရိုက်ကူးထားတဲ့ ဖြူဖြူထွေးရဲ့ ကြော်ငြာအသစ်

Posted on

ဖြူဖြူထွေးကတော့ အချိန်တိုအတွင်းမှာ ပရိသတ်တစ်ခဲနက် အားပေးမှုရရှိလာသလို ကြော်ငြာတွေဆက်တိုက်ဆိုသလို ရိုက်ကူးနေရတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူ့ရဲ့ကြော်ငြာတိုင်းမှာလည်း ခက်ခဲနေတဲ့ ဇာတ်ပို့ဇာတ်ရံတွေအပြင် အခုဆိုရင် လူကြမ်း၊ ဟာသလူရွှင်တော်နဲ့ သက်ကြီးပိုင်းအနုပညာရှင်တွေကိုပါ စုံစုံလင်လင် မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သုံးလာတာကို တွေ့ကြမှာပါ။

ဒီတစ်ခေါက်မှာတော့ ဟာသလူရွှင်တော်အဖွဲ့ဖြစ်တဲ့ ဖိုက်စကားအဖွဲ့နဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ Cherry Oo နာရီဆိုင်ကြော်ငြာလေးကို မျှဝေခဲ့ပါတယ်။ တောသူဌေးမလေးဖြူဖြူထွေးနဲ့ ဖိုက်စတားဟာသလူရွှင်တော်တွေဖြစ်တဲ့ အောင်သော်၊ အောင်မော်၊ ကျင်ဝှက်၊ မျောက်ရှုံးတို့နဲ့အတူ အတွဲညီညီဟာသဖောက်ထားတဲ့ Cherry Oo နာရီဆိုင်ကြော်ငြာလေးကတော့ ပရိသတ်တွေရဲ့ ဘဝအမောတွေကို တဒင်္ဂ ပြေပျောက်စေမှာပါ။

ကြော်ငြာပေမယ့် ဇာတ်လမ်းလေးသဖွယ် ပရိသတ်တွေကြည့်စရာလေးရအောင် ကိုယ်တိုင်ဇာတ်ညွှန်းဖန်တီးပြီး ရိုက်လေ့ရှိတဲ့ဖြူဖြူထွေးရဲ့ ဒီနေ့မှာမျှဝေလိုက်တဲ့ ကြော်ငြာလေးကို ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Source – Phyu Phyu Htwe

Rainbow- Cele Gabar