အပြင်လောကကြီးမှာ လွတ်လွတ်လပ်လပ်နေကြည့်ချင်တယ်ဆိုတဲ့ သဇင်ထူးမြင့်

Posted on

ဒါရိုက်တာ၊သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးချောလေး ဖြစ်တဲ့ မင်းသမီးချောလေးသဇင်ထူးမြင့်ကိုတော့ ရွှေကြိုအဖြစ်စတင်သိခဲ့ကြတာပါ ။ ခုနောက်ပိုင်းမှာတော့ ကိုယ်ပိုင် Vlog လေးတွေနဲ့အတူ Music Video တွေ ကြော်ငြာတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရပြီး ပရိသတ်အားပေးဝန်းရံမှုတွေလည်း တခဲနက်ရရှိနေပြီဖြစ်ပါတယ် ။

သဲလို့ ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ သဇင်ထူးမြင့်ကတော့ မိသားစုထဲမှာလည်း အငယ်ဆုံးသမီးလေးဖြစ်လို့ တစ်မိသားစုလုံးက ဖူးဖူးမှုတ်အချစ်ခံရတဲ့ သူလေးဖြစ်ပြီး အနေအေးတယ်ဆိုတာကိုတော့ ပရိသတ်တွေအားလုံးသိမယ်ထင်ပါတယ်နော် ။ လတ်တလောမှာတော့ သဲက အပြင်လောကကြီးကို လွတ်လွတ်လပ်လပ် ထွက်ကြည့်ချင်တယ် တစ်နေ့ တစ်နေ့ အိမ်ထဲမှာပဲ ဆိုတဲ့စာသားလေးကို သူမရဲ့ မိုင်ဒေးကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပြီး အပြင်လောကနဲ့ အထိတွေ့ နည်းခဲ့တဲ့ သဲ တစ်ယောက်ကတော့ သာမန်သူတွေလို အပြင်လောကကြီးမှာ လွတ်လွတ်လပ်လပ်နေကြည့်ချင်ဟန်တူပါတယ် ပရိသတ်ကြီးရေ ..။ သဇင်ထူးမြင့်ရဲ့ စန္ဒလေးလည်း အမြန်ဆုံးအထမြောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Thazin Htoo Myint
Emily (Cele Gabar)