follower (၅)သိန်းနီးပါးရှိတဲ့ဖေ့ဘွတ်အကောင့်လေးကို အသိအမှတ်ပြုBlue Mark လေးရရှိခဲ့တဲ့ သဇင်ထူးမြင့်

Posted on

မင်းသမီးချောလေးသဇင်ထူးမြင့်ကိုတော့ ရွှေကြိုအဖြစ်စတင်သိခဲ့ပြီး ပရိသတ်တွေက ဒါရိုက်တာ၊သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးချောလေးအဖြစ်လူသိများပါတယ်။ အခုဆိုရင်လည်း ဖခင်ဖြစ်သူလိုပဲ အနုပညာအလုပ်တွေလုပ်ကိုင်လာပြီဖြစ်ပြီး ပရီသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့သူတစ်ယောက်ဖြစ်လို့နေပါပြီ။


သဇင်ထူးမြင့်ရဲ့follower (၅)သိန်းနီးပါးရှိတဲ့ဖေ့ဘွတ်အကောင့်လေးကို ဖေ့ဘွတ်ခ်အသိအမှတ်ပြုBlue Mark လေးရရှိခဲ့တာဖြစ်ပါတယ်။သဇင်ထူးမြင့်ကတော့ အဲ့ဒီအတွက်ဝမ်းသာပျော်ရွှင်နေပုံရပြီး “သဲရဲ့အကောင့်လေး Blue Mark ရသွားပါပြီ စိတ်ရှည်ရှည်နဲ့ကူညီပေးလို့ ကျေးဇူးပါမမ”ဆိုပြီးတော့ ရေးသားထားပါသေးတယ်။ သဇင်ထူးမြင့်ကတော့ ပရိသတ်အားပေးမှုရထားသလို ပုရိသတွေအားပေးဝန်းရံခံရတဲ့မင်းသမီးတွေထဲကတစ်ယောက်လည်း ဖြစ်ပါတယ်။


အနုပညာရှင်တွေကတော့ မကြာခဏဆိုသလို နာမည်ဆင်တူတဲ့အကောင့်တုတွေကို ဖွင့်ပြီးထင်ယောင်ထင်မှားဖြစ်စေသူတွေကြောင့် စိတ်ညစ်ရလေ့ရှိပါတယ်။ သဇင်ထူးမြင့်ကတော့ အခုဆိုရင် ဖေ့ဘွတ်ခ်အသိအမှတ်ပြုBlue Mark လေးရရှိခဲ့ပါပြီ ပရိသတ်ကြီးရေ…
Source :ThazinHtooMyint