“အနုပညာပျိုးခင်း” ရဲ့စင်တင်မင်းသမီးလေးဖြစ်တဲ့ အိချောပိုကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးဖြစ်တဲ့အပြင် သူမရဲ့ အမိုက်စား ဘော်ဒီကောက်ကြောင်းတွေ ကြောင့် ပရိသတ်တွေကြားမှာအတော်လေး ရေပန်းစားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ စွဲမက်ဖွယ်ခန္ဓာကိုယ်အချိုးအစားတွေနဲ့ လှပပြေပြစ်တဲ့ ရုပ်ရည်လေးတွေကြောင့် ပုရိသတွေကြား အလှသတင်းကြီးနေတာလည်း ဖြစ်ပါတယ်။
စူစူလို့ ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ အိချောပိုကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အမြဲလိုလို မျှဝေပေးနေတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ် ။ လတ်တလောမှာတော့ သူမရဲ့ ပထမဆုံး ????? ???????? ???? လေးကိုရိုက်ကူးပြီး ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ နောက်ပိုင်းမှာလည်း သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို Ei Chaw Po- စူစူ ဆိုတဲ့ Page နဲ့ သူမရဲ့ YouTube Channel တွေမှာတင်ပေးသွားမှာဖြစ်တယ်လို့လည်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။
စူစူ့ရဲ့ ပရိသတ်တွေကတော့ နောက်ထပ် လာမယ့် သူမရဲ့ Vlog လေးတွေကို ဆက်လက်စောင့်မျှော်နေတယ်ဆိုတဲ့ မှတ်ချက်လေးတွေ ဝေဆာနေအောင် ပေးထားကြတာလည်းတွေ့ရပါတယ် ။ စူစူရဲ့ Cele Gabar ပရိသတ်ကြီးအတွက် သူမရဲ့ ပထမဆုံး ???? လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
https://www.facebook.com/ActressEiChawPoOfficialPage/posts/2407338406225495
Source : Ei Chaw Po
Emily (Cele Gabar)